Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လိမ်လည်မှု နဲ့ ထောင်ဒဏ် ချမှတ်ခံလိုက်ရတဲ့ အကယ်ဒမီမေသန်းနု

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးကြီးတွေ စာရင်းမှာ ပါဝင်တဲ့ အကယ်ဒမီ သရုပ်ဆောင် မေသန်းနု ဟာ ယနေ့မှာတော့ စိတ်မကောင်းစရာသတင်းတစ်ခု ကြားသိနေရပါတယ်။ အဲ့ဒါကတော့ ငွေကြေးလိမ်လည်မှုနဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရတယ် ဆိုတဲ့ သတင်းဘဲဖြစ်ပါတယ်။

သရုပ်ဆောင် မေသန်းနု ဟာ ငွေကျပ် သိန်း၁၂၀၀ ကျော် ချေးယူခဲ့ပြီး ပြန်လည်မဆက်နိုင်တာကြောင့် ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ဇန်နဝါရီလ ၂ ရက် နေ့ က အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ကျခံဖို့ ရန်ကင်းတရားရုံးကနေ အမိန့်ချမှတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အမှုဟာ ၂၀၁၆ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး တရားရင်ဆိုင်ခဲ့တာဟာ ၄နှစ်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒါရိုက်တာ ဇင်ယော်မောင်မောင် က ” ကျွန်တော် ၏သားဖြစ်သူအတွက် သား၏မိခင်နှင့် ပတ်သက်၍ ရင်နှင့်အမျှ သားရော ကျွန်တော်ရော ခံစားမိပါတယ်။ သို့ဖြစ်ပါ၍ လိုအပ်သောအချိန်ကျမှသာလျှင် မီဒီယာများနှင့် ကျွန်တော် တို့ သားအဖနှစ်ယောက် တွေ့ဆုံမည် ဖြစ်ပါသည်”

“ယခုအချိန်အခါတွင် သားဖြစ်သူ၏ မိခင်အတွက် ကျွန်တော် အကောင်းဆုံးကြိုးစား ဆောင်ရွက်လျှက်ရှိပါကြောင်း အသိပေးမေတ္တာရပ်ခံအပ်ပါသည်။ စင်ရော်မောင်မောင် နှင့် သား မင်းသန့်မောင်မောင်” လို့ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

မဆင့်ရဲ့ ချစ်ပရိသတ်တွေကလဲ သူမအတွက် ခွန်အားတွေပေးပါဉီးနော်။ ဖတ်ရှု့သူတွေကို ကျေးဇူး တင်ပါတယ်။

Snow(mcc)

(Visited 3895 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ