Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လိင်တူချစ်ကြတာကလည်း အချစ်ပါပဲ လို့ ဆိုတဲ့ နေခြည်ဦး

ပရိသတ်တွေရဲ့ အချစ်တော် Beauty Blogger အနေဖြင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ချီချီဟာ ယခုဆိုရင် သရုပ်ဆောင် နေခြည်ဦးရယ်လို့ ပရိသတ်တွေရဲ့ လက်ခံအားပေးအားပေးမှုကိုရရှိထားတဲ့ မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါပြီ။ သူက ယခင်ထဲက LGBT တွေကို ထောက်ခံတဲ့သူဖြစ်ပါတယ်။

သူက ယခုအခါမှာလဲ ကမ္ဘာမြေပေါ်က ချစ်ခြင်းမေတ္တာတွေနဲ့ ပတ်သက်ပြီး “သက်ရှိသက်မဲ့ ယှဉ်တွဲနေထိုင်ကြတဲ့ ကမ္ဘာကြီးမှာယောကျာ်းကပဲ ထူးခြားနေတာမဟုတ်သလို ။ မိန်းမသားတွေကလည်း ထူးဆန်းသူတွေမဟုတ်ပါဘူး။ လိင်တူချစ်တာကလည်း အချစ်ပဲ ။🌈🌈လိင်ကွဲချစ်ကြတာကလည်း အချစ်ပါပဲ ။အချစ်ကို အချစ်လို့ပုံဖော်ရင်း ကမ္ဘာကြီးကို အချစ်တွေနဲ့ပဲ ဖြတ်သန်းသွားကြရအောင်လား😍We are living in harmony within this world ” လို့ ဆိုကာ ရေးသားဖော်ပြခဲ့ပါတယ်။

နေခြည်ဦးဟာ ပရိသတ်တွေရဲ့အချစ်ကို ရန်သူ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ စတင်ခဲ့ကာ ဧည့်သည်ရုပ်ရှင်ဇာတ်ကားမှာတော့ သူရဲ့အမာခံပရိသတ်များစွာ ရှိလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နေခြည်ဦးဟာ ရုပ်ရှင်ကားပေါင်းများစွာ လက်ခံရရှိလာပြီး ပရိသတ်ကိုနောက်ဆုံးချခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲလေးကနော့ အိမ်မက်တွေမိုးထားတဲ့ အိမ်ဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွဲဘဲ ဖြစ်ပါတယ်။

ချီချီက ရိုက်ကူးရေးတွေ ဆက်တိုက်ရှိနေပေမယ့် သူ့အနေနဲ့ ပရိသတ်ကို အလှအပရေးရာတွေ ညွှန်ပြပေးတဲ့ Live Video တွေလဲ အဆက်မပြတ်ဖော်ပြပေးလျက်ရှိပါတယ်။ ဖတ်ရှုပေးတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 2159 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ