Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လမ်းမလျှောက်နိုင်တဲ့ ပိုလီယို ကိုယ်ဝန်သည်လေးကို ကူညီပေးခဲ့တဲ့ Sinon

Sinon Loresca ကတော့ Gay မော်ဒယ်တစ်ယောက် ဖြစ်ပြီး ဖိလစ်ပိုင် လူမျိုး လဲ ဖြစ်ကာ သူ့ကို လူသိများကျော်ကြား ခဲ့တာကတော့ (၆) လက်မ ဒေါက် ဖိနပ်ကြီးကို စီးပြီး ထူးခြားတဲ့ Catwalk လျှောက် တဲ့ ဗီဒီယိုဖိုင်တွေ ကြောင့် နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်ကို ရောက်လာတဲ့အချိန်မှာလဲ သူက ကျောသားရင်သား မခွဲ ခြား၊အဆင့်အတန်း မခွဲ ခြားပဲ အားလုံးကို တပြေးညီတည်း ဆက်ဆံ ပြီး ဆင်းရဲချို့တည့် သူတွေကို ကူညီပေးတဲ့ ဗီဒီယိုဖိုင် လေးတွေကဘဲ အွန်လိုင်းပျံ့နှံ့ခဲ့ကာ ဝန်းရံသူတွေ များပြားခဲ့ပါတယ်။

သူဟာ မြန်မာနိုင်ငံမှာ လာရောက်နေထိုင်စဥ်တစ် လျှောက်လုံးမှာ ဆင်းရဲတဲ့အခြေခံလူတန်းစားတွေ ၊ ချို့တည့်တဲ့ သူတွေကို ကူညီပေးနေပြီး သူ့ရဲ့မွေးနေ့ကိုတောင် ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာရှိတဲ့ လက်လုပ်လက်စားတွေနဲ့အတူ ဆင်နွှဲခဲ့သူ ဖြစ်ပါတယ်။

သူဟာလက်ရှိမှာတော့ ကိုယ်ဝန်ဆောင် ပိုလီယို ရောဂါသည်လေးကိုလဲ သွားရောက်ကူညီခဲ့ပြန်ပါတယ်။ ပိုလီယို ဖြစ်ပြီး လမ်းမလျှောက်နိုင်တော့တဲ့ အပြင် ကိုယ်ဝန် ၄ လရရှိနေပြီဖြစ်တဲ့ မိန်းကလေးတစ်ဦးကို ဖိလစ်ပိုင် LGBT မော်ဒယ် Sinon Loresca ကိုယ်တိုင်သွားရောက် အားပေးစကားပြောကြားခဲ့ပြီး အလှူငွေများလှူဒါန်းခဲ့တယ်လို့လဲ သိရပါတယ်။

Sinon က တကယ့်ကိုစိတ်ထားမြင့်မြတ်သူဖြစ်ပြီး လူသားချင်းစာနာတက်တဲ့စိတ်လေးကတကယ်ကို ချစ်စရာကောင်းလွန်းလှပါတယ်။ သူက သူ့ကိုချစ်ပေးကြတဲ့ မြန်မာပြည်က ပရိသတ်တွေကြောင့် မျက်ရည်ကျတဲ့အထိ ဝမ်းသာပီတိတွေဖြစ်ခဲ့ရသာပါ။

ချစ်တဲ့ပရိသတ်တွေက sinon ရဲ့ မွန်မြတ်လှတဲ့ ကုသိုလ်လေးကို သာဓုခေါ်ပေးလိုက်ကြရအောင်လားနော်။ sinon ရဲ့ စိတ်ထားလေး ကိုတော့ အရမ်းကိုလေးစာနေမိပါတယ်နော်။

Snow (mcc)

(Visited 1503 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ