Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လမ်းမလျှောက်နိုင်တော့တဲ့ ဦးစံမြင့်(ခေါ်)သခင်ကြီး အတွက် ဝှီးချဲလှူဒါန်းခဲ့ ကိုလူချောအဖွဲ့

တစ်ချိန်ကတော်လှန်ရေးကားတွေမှာ တွေ့မြင်ရလေ့ရှိတဲ့ သခင်ကြီးလို့ နာမည်ကြီးတဲ့ ဦးစံမြင့်ဟာ ယခုလက်ရှိမှာတော့ ဘယ်ဘက်ခြေသလုံးနဲ့ ဘယ်ဘက်ပေါင်ရိုးတစ်ပြိုင် ထဲကျိုးသွားတာကြောင့် လမ်းမလျှောက်နိုင်တော့ဘူးလို့ သိရပါတယ်။ အဲ့ဒီလိုလမ်းမ လျှောက်နိုင်တော့တဲ့ ဦးစံမြင့်ကို ကိုလူချောအဖွဲ့ ဝှီးချဲ နဲ့ ငွေသားတစ်ချို့ ကို ဆေးဖိုးဝါးခ အဖြစ် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ကိုလူချောများ အဖွဲ့ရဲ့ လှူဒါန်းမှုကို “အကြောင်းကိုလဲ “ပဲခူးမြို့ပန်းလှိုင်ပုဏ္ဏားစုရပ်တွ င်နေသောရုပ်ရှင်သရုပ်ဆောင်ဦးစံမြင့်(သခင်ကြီ)းသည်ဘယ်ဘက်ခြေထောက်ခြေသလုံးရိုး နှင့်ဘယ်ဘက်ပေါင်ရိုးတပြိုင်ထဲကျိုးခြ င်းဝေဒနာခံစား ရပြီးလမ်း မလျှောက်နိုင်ကြောင်း အကြောင်းကြားလာသဖြင့်စာနာစိတ် ဖြင့်အလှူရှင်တဦးလှူဒါန်းသောWheel Chair တခုနှင့်ကိုလူချောအဖွဲ့မှထောက်ပံ့ငွေများကိုပဲခူးမြို့အရောက်သွား ပြီးလှူဒါန်းပေး ခဲ့ပါတယ်” ဆိုပြီး Middle Man ရဲ့ ဖေ့စ်ဘုတ်ပေ့ချ်မှာ ရေးသားဖော်ပြထားခဲ့ပါတယ်။

ဦးစံမြင့်က ရုပ်ရှင်ဇာတ်ကားကြီးပေါင်း ၃၄ ကားခန့် ၊ ဗီဒီယိုဇာတ်ကားပေါင်း ၁ဝဝဝ ကျော်ခန့်ကို ရိုက်ကူးခဲ့သူလဲ ဖြစ်ပါတယ်။ သူဟာ အသက် ၈၇ နှစ်ရှိပြီဖြစ်ပြီး လမ်းမလျှောက်နိုင်တော့တဲ့ ရောဂါဝေဒနာကို ခံစားနေရတာ ဖြစ်ပါတယ်။ ဦးစံမြင့်(ခ) သခင်ကြီးအတွက် အမြန်ဆုံးသက်သာလာစေဖို့ ဆုတောင်းပေးလိုက်ကြရအောင်နော်။

ဖတ်ရှု့သူတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Middle Man’s fb

(Visited 885 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ