Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လက်ဦးဆရာ မောင်မျိုးမင်း ကို သွားရောက် ကန်တော့ခဲ့တဲ့ ဝေလာရီ

ပရိသတ်တွေကြားမှာ အငိုထူလေး မိမော် အဖြစ် နာမည်ကြီးခဲ့တဲ့ ဝေလာရီဟာ နှင်းဆီ ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ပထမ ဆုံးအနေဖြင့် ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် ချစ်ခင်အားပေးတဲ့ ပရိသတ်တွေ များစွာရရှိခဲ့ပါတယ်။ သူမက အဆိုတော်လိမ္မော်သီးရဲ့ ညီမအဖြစ်ပရိသတ်တွေစတင် သိရှိခဲ့ကြပေမယ့် နှင်းဆီ ဇာတ်လမ်းတွဲမှာတော့ မိမော်အဖြစ် အများရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။

သူမကို ခုလို အောင်မြင်အောင် အနုပညာလောကထဲ ခေါ်ပေးခဲ့တဲ့ ဆရာကို ဂါရဝပြုခဲ့ကြောင်းနဲ့ သူမရဲ့နာမည်ဖြစ်ပေါ် လာပုံလေးကို ပြောပြခဲ့ပါတယ်။ သူမက ” ၂ ရက်နေ့တုန်းက ဝေလာရီ့ကို The Team Myanmar ဇာတ်လမ်းတွဲနဲ့ အနုပညာ​လောကထဲ ရောက်​အောင် ခေါ်လာတဲ့ ကျေးဇူးရှင် ဆရာ ဒါရိုက်တာ မောင်မျိုးမင်း ကို သွား​ရောက်ကန်​တော့ခဲ့ပါတယ် .. 🥰🙏🏻 ”

” ဝေလာရီ့ကို သမီး​လေး တစ်​ယောက်လို ချစ်ခင်ပြီး အနုပညာလမ်းကြောင်းပေါ် ရောက်အောင် ပို့ပေးခဲ့တဲ့ ဆရာနဲ့ မမထူးထူး , မိသားစု အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် .. 🥰🙏🏻”

” ဆရာပေးခဲ့တဲ့ “ဝေလာရီ” ဆိုတဲ့ အနုပညာ နာမည်လေးကို အမြဲတန်ဖိုးထားပါတယ် ..ဆရာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အသက်ရာကျော် ရှည်ပါစေ .. 🙏🏻🙏🏻🙏🏻” လို့ ဆိုပြီး သူ့ရဲ့ ​ဖေ့စ်ဘုတ်စာမျက်နှာမှာ ပုံလေးတွေနဲ့အတူ ရေးသားခဲ့ပါတယ် ။

မော်လေးကိုချစ်တဲ့ ပရိသတ်အတွက် ရေးသားဖော်ပြပေးလိုက်ပါတယ်နော်။

Snow(mcc)

(Visited 1039 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ