Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လက်မှတ်ထိုးထားပေမယ့် မင်္ဂလာမဆောင်နိုင်သေးလို့ စိတ်မကောင်းဖြစ်နေတဲ့ သန္တာလှိုင်

မော်ဒယ်အလှမယ် သန္တာလှိုင်ဟာ ပရိသတ်တွေအရမ်းချစ်ခင်ရတဲ့သူတစ်ယောက်ဖြစ်ပြီး အိမ်ထောင်ရှင်မတွေ အားကျရတဲ့ အမျိုးသမီးတစ်ဦးလဲဖြစ်ပါတယ်။ သူက ၂၀၁၇ခုနှစ်အတွင်းက အိမ်ထောင်သစ်ထူထောင်ခဲ့ပြီး အိမ်ထောင်သက်တမ်း ၂နှစ် နီးပါးရှိနေပြီလို့သိရပါတယ်။ သူတို့က မင်္ဂလာ လက်မှတ်ရေးထိုးထားပြီး မင်္ဂလာဧည့်ခံပွဲတော့ မလုပ်ရသေးဘူးလို့ ဆိုပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ” အော်…. ဒီနှစ်လဲ မင်္ဂလာဆောင်မယ်လို့ရည်ရွယ်ထားတာ ယတြာကြေသွားပြန်ပြီ… လက်မှတ်ထိုးထားတာ ၂ နှစ်ရှိပြီ အခုထိ ဧည့်ခံပွဲနဲ့ သေချာ မဆောင်နိုင်သေးပါဘူးရှင်…” လို့ ဆိုကာ သူမရဲ့ ဖေ့စ်ဘုတ်ကနေရေးသားဖော်ပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ” လောလောဆယ် အန်တီပေါက်ရဲ့ အင်္ကျီ လှလှလေးဝတ်ရရင်ကို မင်္ဂလာ ဆောင်ရသလိုပဲ ကျေနပ်နေပါပြီ..” လို့လဲ သူမကရေးသားထားပါသေးတယ်။

သန္တာလှိုင် ဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့ မှာ နှစ်ဦးသဘောတူ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း (၂) နှစ်နီးပါး ရှိသွားပြီဖြစ်ပါတယ်။ သူဟာ သားတစ်ယောက် သမီးတစ်ယောက်ပိုင်ဆိုင်ထားပြီး နောက်ထပ်ကလေးထပ်မယူတော့ဘူးလဲ သူကပြောထားဖူးပါတယ်။

ပရိသတ်ကြီးရေ ဖတ်ရှု့ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်။

Source – thandar hlaing ‘s fbpage
Photographer: Li John

(Visited 8539 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ