Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လက်နက်ကြီး ထိပြီး ကွယ်လွန်ခဲ့တဲ့ ပရဟိတသမားတစ်ဦး က မြေဇာမြ တ်ခင်း လူသားလို့ ဆိုလိုက်တဲ့ ကျော်သူ

ယနေ့သြဂုတ်လ (၂၇)ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ လားရှိုး – သိန်းနီ ပြည်ထောင်စုလမ်း ဟိုပိတ်ကျေးရွာအနီး (၁၂) မိုင်ရဲကင်းအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါပစ်ခတ်မှုကြောင့် ရဲကင်းအနီးမှာ မီးလောင်မှုများဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ပွားမှုမှာ ဆီဆိုင်တွေကို ကူညီဖို့အတွက် သွားရောက်ခဲ့တဲ့ လားရှိုးပရဟိတအဖွဲ့ ကား လက်နက်ကြီး ထိမှန်ခဲ့ကာ လားရှိုးလူငယ်ဥက္ကဌ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့လိုကွယ်လွန်ခဲ့တာကြောင့် ပရဟိတ မင်းသားကြီး ဦးကျော်သူကတော့ ထိရောက်တဲ့ စကားလုံးတွေနဲ့ ဝမ်းနည်းကြောင်းပြောခဲ့ပါတယ်။ သူပြောခဲ့တဲ့ ခေါင်းစဉ်လေးကတော့ ” မြေဇာမြက်ခင်းလူသားများ” ဆိုတဲ့ ခေါင်းစဉ်ဘဲဖြစ်ပါတယ်။

ဦးကျော်သူ ပြောပြခဲ့တဲ့ အသေးစိတ်ကတော့ “ မြေဇာမြက်ခင်းလေးတွေက ပါတ်ဝန်းကျင်ရှုခင်းကို စိမ်းလန်းစေသည်။ ငြိမ်းချမ်းစေသည်။ လှပစေသည်။ သာယာစေ၏။ မြက်ခင်းစိမ်းလေးများပေါ်တွင် ကလေးငယ်များ ဆော့ကစားကြသလို လူကြိးများအတွက်ကျန်းမာရေးအရ သက်တောင့်သက်သာ လမ်းလျှော က်ခွင့်ပေးသည်။ အားကစားလုပ်ခွင့်ပေးသည်။ပြေးလွှားခွင့်ပေး၏။ သို့သော် သူတို့၏ အနင်းကို ခံရသည်။ အဖိခံအနင်းခံ ရသည့်ဘဝနှင့် ရပ်တည်နေရသလို ခြေချော်လဲခြင်း၊မှောက်ယက် လဲ ခြင်း၊မူးမေ့လဲ ခြင်းြ ဖစ်ပါကလည်း လူသားတို့ထိခိုက်အနာတရမဖြစ်အောင်ဖေးမပေးနေသည့် မြေဇာမြက်ခင်းကလေးများပင်ဖြစ်တော့သည်”

“ယခုတော့ အနင်းခံ၊အဖိခံ ရယုံတင်မက တူးဆွ ကော်ထုတ် လွှတ်ပစ်ဖယ်ရှားခြင်း ကိုပါခံခဲ့ရတော့သည်။ မြေဇာမြက်ခင် းလေးများနှင့် ဘဝတူများဖြစ်ကြသည့် ကျွန်တော်တို့ ပရဟိတသမားများသည် လူမျိုးဘာသာ ဆင်းရဲချမ်းသာ မိတ်ဆွေရန်သူမခွဲခြားဘဲ ဒုက္ခရောက်သူအားလုံးတို့အား ကူညီဖေးမ၊အသက်ကယ်တင်ပေးနေရသော်လည်း အနင်းခံ၊အဖိခံရယုံတင်မက တူးဆွဖယ်ရှားလွှတ်ပစ်ခြင်းကို ယနေ့နံနက်တွင် ခံခဲ့ရလေပြီ”

“ယနေ့နံနက်တွင် ညီနောင် ပရဟိတအဖွဲ့ဖြစ်သော”လားရှိုးလူငယ် လူနာတင်ကား” အား လက်နတ်ကြီးထိမှန်၍ လားရှိုးလူငယ်ဥက္ကဌ ဦးထွန်းမြင့် ဆုံးပါးခဲ့ပြီး ကျန်သုံးဦးဒဏ်ရာရရှိခဲ့ရလေပြီ။ ကြေကွဲဝမ်းနည်းမိပါသည် ဦးထွန်းမြင့်ခင်ဗျာ။လေးစား ဦးညွှတ်ပါသည် ဦးထွန်းမြင့်။ မည်သို့ဖြစ်စေ ကျွန်ုပ်တို့ မြေဇာမြက်ကလေးများကတော့ လောကကြီးကို အရှိန်အဟုန်ပြင်းစွာအမြစ်တွယ်၍ ပိုမိုအလှဆင်ကြဦးမည်ဟု ယုံကြည်မိပါသည်” လို့ ဆိုကာ ဦးကျော်သူက ရေးသားဖော်ပြခဲ့ပါတယ်။

ဖတ်ရှု့မိကြတဲ့ ပရိသတ်ကြီးရော ဦးကျော်သူရဲ့ ခံစားချက်တဲ့ ထပ်တူကြတယ်ဆိုရင် မျှဝေပေးသွားဖို့ မနေ့ပါနဲ့နော်။

Source – Kyaw Thu’sfb

(Visited 894 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ