Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လက်ဆေးကြဖို့ လှုပ်ဆော်ရေး Challengeတွေလုပ်လာကြတဲ့ ပြည်သူချစ်အနုပညာရှင်များ

လတ်တလော နိုင်ငံပေါင်း ၁၀၀ကျော်မှာ ကူးစက်ဖြစ်ပွားနေတဲ့ Covid – 19 နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို မကူးစက်လာဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်လာကြပါတယ်။ အဲ့ဒီလို ကြိုတင်ပြင်ကြတဲ့ထဲမှာ အဓိကကြတဲ့ လက်ဆေးဖို့ ဆိုတဲ့ ကာကွယ်နည်းတခုကို နည်းစနစ်မှန်ကန်အောင် လုပ်ဆောင်နိုင်ရေးအတွက် ပြည်သူချစ်အနုပညာရှင်တွေက နည်းစနစ်မှန်တဲ့ လက်ဆေးနည်းတွေကို လုပ်ပြလာကြပါတယ်။

အဲ့ဒီလို Hand Washing Challenge to prevent Covid-19 ကို ချစ်သုဝေ၊ စမိုင်းလ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး နဲ့ ခေတ်နဲ့သစ်တို့က လက်ဆေးကြတဲ့ ဗီဒီယိုလေးတွေကို ရိုက်ကူးပြီး ကျန်ရှိနေတဲ့ အနုပညာရှင်တွေကိုလဲ Challenge ခေါ်လာကြပါတယ်။

နောက်ရက်တွေမှာလဲ ဒီလို အနုပညာရှင်တွေရဲ့ ဗီဒီယိုတွေ ထပ်မံပေါ်ထွက်လာနိုင်တာကြောင့် ကိုယ်ချစ်တဲ့ မင်းသားမင်းသမီးတွေ မှာတဲ့အတိုင်းလိုက်ပါလုပ်ဆောင်ကြဖို့ မမေ့နဲ့နော်။

စနစ်တကျလက်ဆေးကြဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ Challenge လုပ်လာကြပါတယ်။ သူတို့ ဘယ်လိုတွေလုပ်လာကြလဲ ဆိုတာကို ဗီဒီယိုလေးတွေမှာ ကြည့်လိုက်ကြအုံးနော်။ မိတ်တူကို ပရိသတ်များ၊မိတ်ဆွေများ၊အားလုံးသို့ ထပ်ဆင့် မျှဝေရန် လို့လဲ နောက်ဆုံးမှာရေသားထားကြပါသေးတယ်။

Snow(mcc)
Source – celebritys’sfb

(Visited 925 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ