Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လက်ခုပ်သံတွေက တစ်ဆင့် ပရိသတ်တွေရဲ့ ရင်ထဲကို မြင်ခဲ့ရတယ် ဆိုတဲ့ နေတိုး

(၇)ရက်သားသမီးတွေရဲ့ ချစ်ခင်မြတ်နိုးမှုကို အတိုင်းထက်အလွန်ရှိထားတဲ့ နေတိုးဟာ အမြဲတမ်းလိုလို ပရိသတ်တွေနဲ့ တစ်သားထဲဖြစ်နေတက်ပါတယ်။ သူရိုက်ကူးလိုက်တဲ့ကားတိုင်းကလဲ ပရိသတ်တွေရဲ့ ရင်ထဲကို စွဲမြဲသွားစေမယ့် ရုပ်ရှင်ကားကြီးတွေကိုသာ ရိုက်ကူးပုံဖော်လေ့ရှိသလို ပရိသတ်တွေ ရယ်မောပျော်ရွှင်စေမယ့် ကားတွေကိုလဲ ရိုက်ကူးလေ့ရှိပါတယ်။ ယခုအခါမှာလဲ ပရိသတ်ချစ်တဲ့ ဖေကြီးအောင်စည်အဖြစ် ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်လာနေပါပြီနော် ။

ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ခဲ့တဲ့ စကားတစ်ခွန်းက တကယ့်အမှန်တရားကို ထောက်ပြနေခဲ့တာပါလို့ နေတိုးကပြောပြလာပါတယ်။ သူပြောခဲ့ တဲ့ စကားကတော့ ” မကောင်းသူပါယ် ကောင်းသူကယ်မဲ့ သိကြားသာသနာ တဲ့ဟေ့…သိကြားသာသနာတဲ့ဟ! ဆိုတော့ ကောင်းကြီးဩဘာလက်ခုပ်သံတွေကြားလိုက်မိတယ် ပရိသတ်တွေရဲ့ရင်ထဲကိုလဲဝင်ကြည့်လိုက်မိပါတယ် တကယ်တော့ ဒါဟာအမှန်တရားတခုပါပဲ ”

” တိုတောင်းလှတဲ့လူ့ဘဝကိုလူ့အထက်တန်းစားတွေအဖြစ်နဲ့ဘယ်လိုကျင့်ကြံနေထိုင်သွားသင့်သလဲဆိုတာ အထက်တန်းစား ရုပ်ရှင်ကပြောပြသွားမှာပါ….ပရိသတ်များအတွက်…ထာဝရ .နေတိုး” လို့ ဆိုပြီ သူချစ်တဲ့ပရိသတ်တွေ အထက်တန်းကျစေဖို့ ပြောပြလာခဲ့ပါတယ်။

အဲ့ဒီအထက်တန်းစားရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ (၂၂) ရက်နေ့မှာရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကြည့်ရှု့ပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Nay Toe’sfb,Amazing Grace

(Visited 477 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ