Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လက်ကျိုးလို့ ခွဲစိတ်မှုပြုလုပ်ခဲ့ရတယ် ဆိုတဲ့ ဆုမြတ်နီုးဦး

သရုပ်ဆောင်လောကမှာ နာမည်တစ်လုံးရနေပြီဖြစ်တဲ့ မင်းသမီး တစ်ဦးဖြစ်ပြီး သူမဟာ ဗီဒီယိုကားတွေ ရုပ်ရှင်ကားကြီးတွေ များစွာရိုက်ကူးခဲ့ရသလို ကြော်ငြာတွေမှာလဲ တွေ့ရလေ့ရှိပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ လှပြတဲ့ ကိုယ်ဟန်အနေအထားတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားပြီး ပွင့်လင်းစွာပြောဆိုနေထိုင်တက်သူလဲ ဖြစ်ပါတယ်။

သူမ က လွန်ခဲ့တဲ့ ၁၀ရက်လောက်က လက်ကျိုးသွားတာကြောင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရတယ်လို့လဲ သိရပါတယ်။ သူဆေးရုံတက်ခဲ့စဉ်က ပုံရိပ်လေးကို သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် ကျော်ကျော်က သူတို့ရဲ့ N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ ဆိုတဲ့ ပေ့ချ်ကနေ တင်ပေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဆုမြတ်နိုးဦးက “ လက်ကျိူးသွားတာပါ.. အဲ့ပုံကဆေးရုံတက်တုန်းကရိုက်ထားတာပါ.. ခုတော့ နဲနဲသက်သာနေပါပီနော်.. စိတ်ပူပေးကြလို့ကျေးဇူးပါလို့ ၊ ခွဲပြီးတာ ၁၀ရက်လောက်ပဲရှိသေးတယ်” လို့လဲ သူမကို စိတ်ပူပေးကြသူတွေကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ကယ် ပရိသတ်ကြီးက ဆုမြတ်နိုးဦးအတွက် အမြန်ဆုံးသက်သာဖို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ’sfb

(Visited 862 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ