Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရှုးအောင်ချစ်မယ့်သူက လရိပ်ညို လား ? အခရာလား ?

ပရိသတ်တွေကြားမှာ လတ်တလောနာမည်ကြီးနေတဲ့ ရူးအောင်ချစ်မယ့်သူဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး မှာ စုံတွဲတွေ့မြင်ရတာ နည်းပါးလွန်းလာတဲ့ နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ကို အချစ်အလွမ်းအစရှိတဲ့ ရသမျိုးစုံနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာထူးခြားချက်ကတော့ ပထမဆုံးအနေနဲ့ အိန္ဒြာကျော်ဇင်နဲ့ တူမဖြစ်သူ မေတိုးခိုင်တို့က ပါဝင်သရုပ်ဆောင်ကြမှာလဲဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ နမူနာ ဗီဒီယိုလေးတွေမှာတင် ပရိသတ်တွေရဲ့ အားပေးလက်ခံခြင်းကို အတိုင်းထက်အလွန် ရရှိနေတာဘဲ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ နာမည်က ရူးအောင်ချစ်ရသူ ဆိုတဲ့ အတိုင်း ဘယ်သူက ဘယ်သူ့ကို ရူးအောင်ချစ်မှာလဲဆိုတာကတော့ မကြာခင်မှာ ပရိသတ်ကြီး သိရှိရတော့မှာပါ။ ဇာတ်ကားရဲ့ဇာတ်ကောင် တစ်ခုချင်းစီကို မိတ်ဆက်ပေးပါမယ်နော်။

ပထမဆုံး မိတ်ဆက်ပေးမှာကတော့ ”ပန်းချီ ဆိုတာ .. ရင်ထဲမှာ ခံစားချက်မရှိဘဲနဲ့ ဘယ်လိုပုံမျိုးကိုမှ ပန်းချီအဖြစ် ဖန်တီးလို့မရဘူး” ဆိုတဲ့ အလင်းသစ် အဖြစ် သရုပ်ဆောင်မယ့်သူကတော့ အကယ်ဒမီ နေတိုး ပါ။

နောက်တစ်ယောက်ကတော့ ” ယောင်္ကျားတစ်ယောက်ရဲ့ ဂရုစိုက်ကြင်နာမှုကို မရတဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ရှင်မစဉ်းစားမိဘူးလား” လို့ ဆိုတဲ့ ယောကျာ်းအပေါ် သိပ်ချစ်တဲ့ လရိပ်ညို အဖြစ် သရုပ်ဆောင်မယ့် သူကတော့ အကယ်ဒမီ အိန္ဒြာကျော်ဇင် ဘဲဖြစ်ပါတယ်။

အနုပညာကေ၀ နှစ်ယောက်ကြားမှာ ချစ်စရာအမူအရာလေးတွေနဲ့ ?? ပရိတ်သတ်ရင်ထဲကို အနက်ရှိုင်းဆုံး
တိုးဝှေ့လာတော့မယ့် ” လေးလေး ကို သိပ်ချစ်တဲ့ ” သူလေး အခရာ အဖြစ် သရုပ်ဆောင်မှာကတော့ မေတိုးခိုင် လေးပါနော်။

ချစ်တဲ့ပရိသတ်ကြီရေ သူတို့ ၃ယောက်ရဲ့ သက်ဝင်ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ်ကြီးက လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ သိရှိရတော့မှာပါနော်။ ခုတော့ သူတို့ရဲ့ ဇာတ်ဝင်ခန်းတစ်ခုချင်းကိုဘဲ နမူနာအနေနဲ့ကြည့်ရှု့အားပေးကြပါနော်။

Source – ရူးအောင်ချစ်ရသူ ရုပ်ရှင်ဇာတ်ကားကြီး ‘s fbpage

(Visited 1962 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ