Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရွှေFM ရဲ့ ၁၀နှစ်ပြည့်နှစ်လည်ပွဲမှာ ဆုရရှိခဲ့သူတွေက ပရိသတ်ရဲ့ ဆန္ဒနဲ့ ထပ်တူကြရဲ့လား

စက်တင်ဘာလ ၁၄ရက်နေ့ ညကကျင်းပပြုလုပ်ခဲ့တဲ့ ရွှေFM ရဲ့ ၁၀နှစ်ပြည့်အခမ်းအနားကို ရွှေထွဋ်တင်ကွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုခဲ့ပြီး အနုပညာရှင်များ၊ အဆိုရှင်များ များစွာတက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ၁၀နှစ်ပြည့်ပွဲမှာ တစ်နှစ်တာအတွင်း တေးသီချင်းတွေရဲ့ အောင်မြင်မှုနဲ့ ပရိသတ်ကြိုက်နှစ်သက်မှု အများဆုံးရရှိခဲ့တဲ့ အဆိုရှင်တွေကို ဆုတွေချီးမြင့်ပေးခဲ့ပါသေးတယ်။

အဆိုပါဆုချီးမြှင့်ပွဲမှာ ၂၀၁၉ ခုနှစ်တစ်နှစ်တာ အတွင်း ရွှေပရိသတ်အတောင်းခံရဆုံး ဆုရဲ့ မြန်မာသံ တေးသံရှင် ဆုကို ချမ်းမြေ့ပါစေ မေမေသီချင်းနဲ့ အဆိုတော်မနော၊ ၂၀၁၉ခုနှစ်တစ်နှစ်တာ အတွင်း ရွှေလေလှိုင်းမှ တဆင့် ပရိသတ် တောင်းဆိုမှု အများဆုံး အမျိုးသားတေးသံရှင် ဆု ကို သင့်အတွက် မနက်ဖြန် သီချင်းနဲ့ ဖြိုးမြတ်အောင် ၊ ၂၀၁၉ခုနှစ်တစ်နှစ်တာ အတွင်း ရွှေလေလှိုင်းမှ တဆင့် ပရိသတ် တောင်းဆိုမှု အများဆုံး အမျိုးသမီးတေးသံရှင် ဆုကို ရင်ဘတ်ထဲကလူနှစ်ယောက် သီချင်းနဲ့ အိုင်းရင်းဇင်မာမြင့် ကရရှိခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၁၉ခုနှစ်တစ်နှစ်တာလုံး ရွှေပရိသတ် အကြိုက်နှစ်သက်ဆုံး (Popular Online Single Song Award) သီဆိုသူဆုကို ဆေးသီချင်းနဲ့ ကောနီ၊ ၂၀၁၉ခုနှစ်တစ်နှစ်တာလုံး ရွှေFM FaceBook Page မှ တဆင့် ပရိသတ်တောင်းဆို မှုအများဆုံး အမျိုးသားတေးသံရှင်ဆု ကို ပျော်နေပါ သီချင်း နဲ့ ကောင်းကောင်း၊ ၂၀၁၉ခုနှစ်တစ်နှစ်တာလုံး ရွှေFM FaceBook Page မှ တဆင့် ပရိသတ်တောင်းဆိုမှုအများဆုံး အမျိုးသမီး တေးသံရှင်ဆု ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင် သီချင်းနဲ့ ချယ်ရီသင်း တို့က ထိုက်ထိုက်တန်တန် ရရှိခဲ့ကြပါတယ်။


နောက်ဆုံး ဆုတစ်ဆု ဖြစ်တဲ့ ၂၀၁၉ခုနှစ်အတွက် မျက်နှာသစ် အနုပညာရှင်ဆုကို တော့ အုပ်စိုးခန့် ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲက ပေးတဲ့ ဆုတွေနဲ့ ထပ်တူကြရဲ့လားဆိုတာကို ပြောပြခဲ့ကြပါဦးနော်။ အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Snow (MCC)

(Visited 9905 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ