Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရွှေအိမ်စည် ရဲ့ အချစ်ရေး လျှို့ဝှက်ချက်တွေကို စုံစုံလင်လင်ပြောချလိုက်တဲ့ မိခင် Organization

ပရိသတ်တွေကြား အရမ်းကို စိတ်ဝင်စားခဲ့တဲ့ အလှမယ်ရွှေအိမ်စည် ရဲ့ ရုတ်တရက်ပြောင်းလဲ ပျက်ဆဲခဲ့ရတဲ့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး သူမ ရဲ့ မိခင် Organization ဖြစ်တဲ့ Miss Golden Land Myanmar အဖွဲ့အစည်း မှ အသေးစိတ် ဖွင့်ဟပြောဆို လိုက်ပါပြီ။ သူမရဲ့ ချစ်သူနဲ့ ပြတ်ဆဲခဲ့ရခြင်း အကြောင်းအရင်း နဲ့ သူမ အိမ်က နေထွက်ပြေးခဲ့ရခြင်း အကြောင်းအရင်းတွေကို စုံစုံလင်လင်ပြောပြခဲ့သလို သူမ ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး Organization ဘက်ကနေ သွေးထိုး ရန်တိုက်ခြင်းမရှိခဲ့ဘူးလို့လဲ ပြောပြခဲ့ပါတယ်။

အဆိုပါ အကြောင်းအရင်း အပြည့်အစုံကိုတော့ Organization ဘက်မှ သူမရဲ့ ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေမှာ အားလျှော့ခဲ့တာတွေ ဒိုင်တွေအမြင်မကြည်ခဲ့တာတွေနဲ့ အိမ်စည့်ကို သူတို့ဘက်က အလိုလိုက်ပြီး ပြိုင်ပွဲမတိုင်ခင်ထိ ပြင်ဆင် ပေးခဲ့ပုံတွေကို လဲ ပြောပြခဲ့ပါတယ်။ အဆိုပါ ဖြေရှင်းချက်ထဲမှာ အိမ်စည့်ရဲ့ Personal issue ဆိုကာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

သူတို့ ပြောပြခဲ့တာကတော့ “ ဒီကြားထဲ Personal issue နဲ့ပတ်သက်ပြီး သူရဲ့ အကိုနဲ့ သူ့လက်ရှိ ရည်းစားက တစ်ဖက် တခြားခိုးတွဲတဲ့ သူ့နောက်ရည်းစားကတစ်ဖက် ဆိုင်တစ်ဆိုင်မှာမိပြီး ထိုးကြကြိတ်ကြတဲ့ ပြဿနာတွေ တက်တယ်။ သူ ကျနေ်ာ အိမ်ထွက်ပြေးလာလို့ ချော့မော့ပြီး ညသန်းခေါင် အစာကျွေး ဆေးလိမ်းပေးတယ် အိမ်မှာပေးအိပ်ခဲ့တယ်။ အဲဒီနောက် သူ့အိမ်ကပါ အဲ့ကိစ္စမှာပါလာပြန်တယ်။ Org က ဘယ်သူ့ကြားမှမပါသလို ဘာအကြံမှလည်း မပေးခဲ့ဘူး အကြံပေးရင်လည်းလက်ခံ နာခံတာမျိုးမရှိခဲ့ပါဘူး။ သူမှန်တယ်ထင်တာ သူ့စိတ်ကြိုက်သူလုပ်တာ ဒါကိုသွေးထိုးတယ် ရန်တိုက်တယ်ပြောတယ်”

“ သူကတော့ လက်ရှိရည်းစားနဲ့ ပြတ်ပြီပြောတယ်။ သူနဲ့ပြတ်တဲ့လူကိုလည်း ပြတ်ပြီပြောတဲ့နေ့ကစလို့ Org က လုံးဝ ပတ်သက်ခြင်းမရှိတော့ဘူး။ Personal Issue က သူ့အိမ်က သူတို့သဘောတူတဲ့ အဲဒီသူနဲ့ ဇွတ် ပြန်ညှိနေတာ မရလို့ ဖြစ်ကြတာပါ။ ပြတ်ပြီဆိုပြီး အိမ်ကထွက်ပြေးနေတဲ့အချိန်မှာ သူ့အမေက Org ကို ဖုန်းဆက်ပြီး ပြန်တွဲဖို့ နားချပေးခိုင်းတယ် အန်တီတို့ သူလုပ်သွားတဲ့ ဒီကိစ္စကို လက်မခံနိုင်ဘူးပြောတယ် သူ့အကိုကလည်း Live တွေလွှင့်တယ်”

“ ဒီလိုကြားကိစ္စတွေ ဘာမှ ဝင်မပါခဲ့သလို ဝင်လည်း ပြောမပေးခဲ့ဘူး။ အဲဒါကြောင့် သူ့အိမ်က သူ့ကိုရော တစ်ဘက်ကိုပါ ပြောမနိုင်တော့လို့ Org ကြောင့်ဆိုပြီး Org ကို အငြိုးအတေး နဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာတယ် ။ အစ်ကိုဖြစ်သူက မထိခလုတ်ထိခလုတ် မဟုတ်တာတွေ ရေးတင်တယ် Liveတွေလွှင့်တယ်။ ဒါတွေကို ကိုယ့်အလှမယ်ရဲ့မျက်နှာနဲ့ သည်းခံပေးခဲ့တယ် လောကမှာ အဲ့လို မိသားစုဝင်တွေရှိပါလားဆိုပြီး သူမ အပေါ် သနားမိသလို သံဝေဂရခဲ့မိတယ်။ ကျနော်တို့ဘက်က အဲလိုကိစ္စတွေတော့ ဘာတစ်ခုမှ ကြားမဝင်ဘဲ ကင်းကင်း ရှင်းရှင်း နေပေးခဲ့တယ်” ဆိုကာ ပြောပြခဲ့ပါတယ်။

ရွှေအိမ်စည်ဟာ ပြိုင်ပွဲသွားဖို့ မတိုင်ခင်အောက်တိုဘာလ (၃)ရက်နေ့က သူမနဲ့ နှစ်နှစ်ခွဲကျော်ကြာ လက်တွဲလာခဲ့တဲ့ ချစ်သူနဲ့ ပျက်ဆဲလိုက်ပါပြီ ဆိုကာ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး လူအများရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရကာ သူမရဲ့ အကိုဖြစ်သူမှာလဲ ညီမဖြစ်သူရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာတွေလဲရှိခဲ့ပါတယ်။ အိမ်စည်ကတော့ သူမလက်တလောမှာ အချစ်ရေးထက် ပရိသတ်တွေ အတွက် ပိုပြီးကြိုးစားသွားပါမယ်လို့လဲ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

လက်တလောမှာတော့ သူမဟာ ပြိုင်ပွဲရဲ့ Top 25 အထိသာဝင်ရောက် နိုင်ခဲ့ပြီး ဒီဇင်ဘာလ ၉ရက်နေ့ညမှာ တော့ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အိမ်စည့် ရဲ့ ချစ်ပရိသတ်တွေ အနေနဲ့ သူမခွန်အားတွေရအောင် အားပေး စကားလေးတွေ ပြောခဲ့ကြပါဦးနော်။

Snow(MCC)

(Visited 76 times, 1 visits today)

About The Author

myanmarcelecrazy Myanmar Cele Crazy is a growing online entertainment channel delivering exclusive breaking news and in-depth coverage on Myanmar Celebrities

အခြားစိတ်ဝင်စားဖွယ်သတင်းများ