Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရွှေရောင်တလပ်လပ်ထနေတဲ့ ရွှေဗောဓိပင်ကို အမေများနေ့ လက်ဆောင်အဖြစ်ရခဲ့တဲ့ စမိုင်းလ်

ပရိသတ်တွေ အများစုရဲ့ အားကျနှစ်သက်ခြင်းကို ရရှိထားတဲ့မော်ဒယ် သရုပ်ဆောင် စမိုင်းလ်ဟာ အိမ်ထောင်ရေးကံကောင်းသလို လိမ်မာတဲ့ သမီးနှစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သူတို့က အမှတ်တရနေ့တိုင်းမှာ အပြန်အလှန်လက်ဆောင်တွေပေးကြ Surprise တွေလုပ်ကြတာကြောင့် ပရိသတ်တွေကြားမှာ အရမ်းကိုနာမည်ကြီးတဲ့ သူတွေပါ။

ယနေ့မှာလဲ ယောကျ်ားဖြစ်သူက အမေများနေ့ အမှတ်တရအနေဖြင့် သိန်း၃၀ ဝန်းကျင်ရှိတဲ့ ရွှေဗောဓိပင် တစ်ပင် လက်ဆောင် ပေးခဲ့တာကြောင့် သူက ကျေးဇူးတင်မဆုံးဖြစ်နေပါတယ်။ လက်ဆောင် ရခဲ့တဲ့အကြောင်းကိုလဲ ” မောင်ပေးတဲ့ Mother’s Day လက်ဆောင်🥰 လက်ဆောင်တွေထဲဒီဟာလေးကတော့ကုသိုလ်တွေအများကြီးရပါတယ် ဘုရားတရားဒီထက်ပိုပြီးလုပ်ပါ့မယ် ကျေးဇူးပါယောကျာ်း🙏🏼” လို့ဆိုကာ လက်ဆောင်ရတဲ့ ပစ္စည်းပုံလေးတွေနဲ့အတူ ရေးသားခဲ့ပါတယ်။

စမိုင်လ်းဟာ အိမ်ထောင်မကျခင်က မော်ဒယ်ဘဝနဲ့ ပရိသတ်တွေချစ်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။အိမ် ထောင်ကျပြီးနောက်ပိုင်းမှာတော့ ပြည်ပမှာ အလုပ်လုပ်ကိုင်းရင်း မိသားစုအတွက်ကြိုးစားရုန်းကန်နေရချိန်မို့ အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ပါတယ်။

သို့ပေမယ့် ယခု မြန်မာနိုင်ငံမှာပြန်လည်အခြေချလာချိန်မှာတော့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ရင်း သူချစ်တဲ့ အနုပညာအလုပ်တွေကိုပါ တွဲဖက်လုပ်ဆောင်လာတာလဲ ဖြစ်ပါတယ်။ ယနေ့မှာလဲ စမိုင်းလ်ကိုချစ်တဲ့ ပရိသတ်ကြီး သိရအောင် သူလက်ဆောင်ရတဲ့ ပစ္စည်းလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Snow(mcc)

(Visited 1508 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ