Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရွှေမှုံ ရဲ့ Surprise ကြောင့် မျက်ရည်ကျလောက်အောင် ဖြစ်ခဲ့တဲ့ရွှေထူး

ပရိသတ်တွေချစ်ကြတဲ့ ရွှေနှစ်ရွှေတို့စုံတွဲဟာ တနေ့ထက်တစ်နေ့ ပိုပိုပြီးချစ်စရာကောင်းလာပါတယ်။ သူတို့နှစ်ယောက်ဟာ အနှောင့်အယှက်တွေ အတိုက်အခိုက်တွေကြားကနေ ဘဝတစ်ခုကို ထူထောင်ခဲ့ကြပြီး ယနေ့အချိန်မှာတော့ ပျော်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားကြပါပြီ။

သူတို့နှစ်ယောက်ဟာ အရမ်းတွေ Ro တက်ကြတဲ့ ဇနီးမောင်နှံတွေဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက်လဲ အရမ်းချစ်ကြတာပေါ့နော်။ ရွှေထူးကို အမြဲ Surprise တိုက်တာကတော့ ရွှေမှုံရတီပါ။ သူမက ယခုအခါမှာလဲ ရွှေထူးရဲ့ မွေးနေ့မှာ Surprise တိုက်ခဲ့ပုံရိပ်တွေနဲ့ သူမပေးခဲ့လက်ဆောင်တွေကို ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ချစ်ရတဲ့ခင်ပွန်းဖြစ်သူကို ကားသစ်တစ်စီးနဲ့ အခြားသော အသုံးအဆောင်ပစ္စည်းတစ်ချို့ကို လက်ဆောင်ပေးခဲ့ပါတယ်။ အရင်နှစ်တွေကလဲ ရွှေထူးကြိုက်တဲ့ အရာတွေကိုဘဲ လက်ဆောင်ပေးလေ့ရှိတာပါ ယခုကတော့ မထင်မှတ်ထားတဲ့ Surprise မျိုးဖြစ်တာကြောင့် သူအရမ်းပျော်နေခဲ့ပါတယ်။

သူတို့ရဲ့ပျော်စရာကောင်းတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ထပ်တူပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

ရွှေနှစ်ရွှေရဲ့ကြည်နူးစရာကောင်းတဲ့အကြောင်းအရာလေးတွေကို ကြည့်ရှု့မိလို့ ပျော်ရွှင်နိုင်ကြမယ်လို့ ထင်ပါတယ်။

Snow (MCC)

(Visited 7988 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ