Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရွှေနှစ်ရွှေရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကား လာပါပြီနော်

ပရိသတ်တွေရဲ့အားပေးချစ်ခင်ကို အပြည့်အဝရရှိထားတဲ့အပြင် နှစ်ဦးစလုံးမှာလဲ အမာခံပရိသတ်ကိုယ်စီနဲ့ အောင်မြင်ခဲ့ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ ဧည့်သည်ရုပ်ရှင်ဇာတ်ကားရိုက်ကူးရင်းတွေ့ဆုံခဲ့ရာက ဖူးစာပါပြီး လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့အချစ်ရေးဟာ စတင်သတင်းထွက်တဲ့အချိန်ထဲက အတိုက်အခိုက်တွေ ဝေဖန်မှုတွေရှိခဲ့ပေမယ့် ယခုချိန်မှာတော့ ပရိသတ်တွေရဲ့နားလည်ခွင့်လွှတ်မှုတွေကို ရရှိခဲ့ပြီဘဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်က သိပ်ချစ်ကြတဲ့ စုံတွဲဖြစ်ပြီး အရမ်းကို ရိုလွန်းတဲ့ ဇနီးမောင်နှံလို့ ပြောရင်လဲ မမှားနိုင်ပါဘူး။ ယခုအခါမှာတော့ ပထမဇာတ်ကားလို အချစ်တွေခိုင်မြဲအုံးမယ့် ဇာတ်ရုပ်ဖြစ်မဖြစ်တော့ မသိသေးပေမယ့် ရုပ်ရှင်ဇာတ်ကားရဲ့ နာမည်ကတော့ ကမ်း ဖြစ်ပါတယ်။

ကမ်း ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းကို အလှမယ်မိုးစက်ဝိုင်ကရေးသားခဲ့ပြီး သားညီက ပုံဖော်ရိုက်ကူးမှာဖြစ်ကာ ရွှေထူးနဲ့ ရွှေမှုံရတီတို့က အဓိကသရုပ်ဆောင်တွေအဖြစ် ပါဝင်သွားမှာ ဖြစ်တယ်လို့ခဲ သိရပါတယ်။

ရွှေနှစ်ရွှေရဲ့ချစ်ပရိသတ်တွေ သူတို့နှစ်ယောက်ရဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ကြဖို့ အားမွေးထားကြနော်။ ဖတ်ရူ့ပေးကြသူတွေအားလုံးကိုကျေးဇူးတင်ရှိပါတယ်။

Snow(mcc)

(Visited 1599 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ