Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရွှေကြို ဆက်မပြိုင်တော့တာကို နားလည် ခွင့်လွှတ်ပေးဖို့ တောင်းပန်လာတဲ့ မေလသံစဉ်

Cover Song တွေ ပြန်လည်သီဆိုနေရင်း ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးခဲ့တဲ့ မေလသံစဉ်ဟာ အနုပညာအပေါ်ရူးသွပ်သူဖြစ်တာကြောင့် မကြာခင်မှာကျင်းပပြုလုပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ ရွှေကြိုအဖြစ်ပါဝင်ဖို့အတွက် ပြိုင်ပွဲဝင်ခဲ့ပါတယ်။ သူ ကGrand Final အဆင့်ထိ တက်ရောက်နိုင်ခဲ့ပေမယ့် ပြိုင်ပွဲကနေနှုတ်ထွက်ခဲ့ပါတယ်။

နှုတ်ထွက်ခဲ့တဲ့ အကြောင်းကို ” Grand Final တက်ခွင့်ရအောင် Voting ပေးခဲ့ကြတဲ့ မေလရဲ့ အမာခံ ချစ်ရသူတွေ အားလုံးကို ‌အရမ်းပဲကျေးဇူးတင်ပါတယ်🙏🙏🙏နောက်ထပ် ဆက်မပြိုင်ဖြစ်တော့တာ ခွင့်လွှတ်နားလည်ပေးဖို့ တောင်းပန်ပါရစေနော်🙏” လို့ ဆိုကာရေးသားခဲ့ပါတယ်။

အကယ်ဒမီရွှေကြိုမောင်မယ်များ ရွေးချယ်ရေးအဖွဲ့ မှလဲ ” ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူ ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား-မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့် အထိမ်းအမှတ် အကယ်ဒမီရွေးချယ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသော “ရွှေကြိုနံပါတ် SK 06 ရွှေကြိုမယ် မေလသံစဉ်” သည် သူမ၏အဖိုးဖြစ်သူ ကျန်းမာရေးကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်ခွင့်ပြုပါရန် ရွှေကြိုမောင်မယ်ရွေးချယ်ရေးအဖွဲ့သို့ တင်ပြလာပါသဖြင့် ပြိုင်ပွဲမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း မိဘ ပြည်သူများအား လေးစားစွာ တင်ပြအပ်ပါသည်လို့ဆိုကာ သူတို့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

မေလသံစဉ် ရဲ့ ချစ်ပရိသတ်တွေကတော့ စိတ်မကောင်းဖြစ်နေကြပါတယ်။ သူမရဲ့ ကျန်းမာရေးမကောင်းတဲ့ အဖိုးလဲ အမြန်သက်သာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Snow(mcc)
Source – မေလသံစဉ်

(Visited 1223 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ