Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရွာလုံးကျွတ် ပန်းကုံးနဲ့ ကြိုဆိုတာကို ခံလိုက်ရလို့ ဝမ်းသာမဆုံးဖြစ်နေတဲ့ ထက်အဥ္ဇလီ

မြန်မာအိုက်ဒေါရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ထက်အဥ္ဇလီဟာ ပြိုင်ပွဲယှဥ်ပြိုင်စဥ်တစ်လျှောက်လုံးမှာ လဲ အားပေးတဲ့ ပရိသတ်တွေများပြားခဲ့သလို ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် အားပေးတဲ့ ပရိသတ်တွေကတော့ လွန်စွာများပြားနေဆဲဖြစ်ပါတယ်။ သူမဟာ ထင်မှတ်မထားတဲ့ ပရိသတ်တွေရဲ့ အပြုအမူကြောင့် အရမ်းကိုကြည်နူးခဲ့ရတယ်ဆိုတဲ့အကြောင်းကိုလဲ ခုလိုဘဲ ပြောပြခဲ့ပါတယ်။

ဖခင်ဖြစ်သူရဲ့ ရွာကို သွားလည်ရင်း ရွာမှာ ကြုံခဲ့ရတဲ့ အတွေ့ အကြုံ တွေကို ” ဘဝမှာပျော်ရွှင်ခဲ့ရသောနေ့လေး……😍 ပါပါးအကိုရဲ့အလှူလေးဖိတ်တော့ ပါပါးရွာတစ်ခါမှမရောက်ဖူးတာနဲ့ အလှူလေးသွားဖြစ်တော့ ရွာကထက်လာမယ်ဆိုတာသိနှင့်ပြီး ပျော်ရွှင်စွာနဲ့ ထက်လေးအလှူရောက်လာမယ့်အချိန်ကို ပန်းကုံးတွေနဲ့ တစ်ရွာလုံးစောင့်လို့ကြိုကြတော့ ထက်မှာပျော်လွန်းလို့ဘာပြောရမယ်မှန်းတောင်မသိဘူး😭 “

” ထက်ကိုအခုလိုဝိုင်းချစ်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ် Top7နဲ့ပြုတ်လို့ဝမ်းနည်းကြောင်းပြောကြလို့လည်းတောင်းပန်ပါတယ် ချစ်ပေးရကြိုးနပ်အောင် အနုပညာလမ်းခရီးမှာ အားလုံးရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ထက်လေးရှေ့ဆက်ကြိုးစားသွားပါ့မယ်💪😍”

” ထက်ရဲ့အပျော်တွေ ကူးစက်စေလိုသောစိတ်ထားနဲ့ ပျော်ခဲ့ရတဲ့ဒီနေ့ပုံရိပ်လေးတွေကိုတင်ပြလိုက်ပါတယ်ရှင့် အဆုံးထိကြည့်ပေးပါနော် 😍🙏 ချစ်ထက်😘 ” လို့ ဆိုကာပုံလေးတွေနဲ့အတူရေးသားခဲ့ပါတယ်။

မြန်မာအိုက်ဒေါ ပြိုင်ပွဲကြီးဟာဆိုရင် season 4 ကိုရောက်ရှိနေခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ ပြိုင်ပွဲဝင် ၅ဦးသာ ကျန်ရှိနေပြီး ဘယ်သူကတော့ Winner ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ပရိသတ်ကြီးကလဲ ဆက်လက်အားပေးဝန်းရံကြပါအုံးနော်။

Snow(mcc)
Source – ထက်အဥ္ဇလီ ‘s fb

(Visited 80441 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ