Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရေးဘက်ကို ရေဘေး လှူပြီး အပြန်ကြုံခဲ့ရတဲ့ သည်းထိတ်ရင်ဖို ဖြစ်ရပ်ကို ပြောပြလာတဲ့ ဒီဇိုင်နာ ငြိမ်းကို

ဒီဇိုင်နာငြိမ်းကို ဆိုတာကတော့ နိုင်ငံကျော် မင်းသား၊ မင်းသမီးတွေရဲ့ လက်ဆွဲတော် ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး အနုပညာရှင်တွေနဲ့ မခြား အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်သူတွေလဲ ဖြစ်ပါတယ်။ သူဟာ လက်ရှိ မော်လမြိုင်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဒုက္ခသည်တွေအတွက် သွားရောက်လှူဒါန်းရင်းရင်ဆိုင်ခဲ့ရတဲ့ သွေးပျက်စရာ အဖြစ်အပျက်တစ်ခုကို ကိုယ်တွေ့ ပြောပြလာပါတယ်။

သူပြောပြခဲ့တာကတော့ “ မနေ့က နေ့ချင်းပြန်ရေးမြို့ ရေဘေးခရီးစဉ်အပြန် အမှတ်တရ အဖြစ်ပျက်သည်းထိတ်ရင်ဖိုလေးတခုပြောပြမယ်… အလှူက နေ့လည်တအိမ်ချင်းစီလှေနဲ့လှူဖို့စီစဉ်ထားပေမယ့် ပစ္စည်းသယ်ကားရဲ့အချိန်မှီမရောက်မှုတွေကြောင့် ည၉နာရီဝန်းကျင်မှ စုရပ်မှာစုပြီးလှူလိုက်ရတဲ့အဖြစ်ကိုရောက်သွားတယ်…တစ်မြို့လုံးက ရေ၉၀% လွှမ်းသွားခံ ရတော့ နှုန်းတွေရွှံ့တွေနဲ့ နာဂစ်ဆန်ဆန်ပေပွ ကျိုးကြေ ပျက်စီးပုံတွေနဲ့ နလန်မထူနိုင်သေးတဲ့ မြင်ကွင်းမျိုးပေါ့…(နေ့လည်သာရောက်ခဲ့ရင် ကိုယ်သာဆို မြင်ကွင်းတွေရှင်းလင်းစွာမြင်ရပြီး ငိုမိမှာအသေချာဘဲ ညဘက်မလို့ မှောင်နေတော့ သိပ်မသိသာ)

တွေ့ရသမျှမြင်ကွင်းတိုင်းဟာ အပျက်စီးတွေကြား ရှင်းကြ လှည်းကြနဲ့ ၂ရက်တိုင်တောင်ပြန်လ ည်အဆင်ပြေဖို့နေေ နသာသာ ရေတွေတောင်လှည်းထုတ်လို့မပီးသေး…ရေတွေကလည်း မြင်နေကြသလိုရေဖြူဖြူ တွေမဟုတ် တောင်ကျရေတွေအဖြစ် နှုန်းတွေများတဲ့ရွှံ့လိုရေပျစ်ပျစ်တွေ…..ဒါနဲ့လှူကြဆုတောင်းကြအပြီး ပြန်မယ်လု ပ်တော့ အချိန်က ည၁၀နာရီ…ကျွန်တော်တို့အုပ်စုက ကိုယ့်ကားနဲ့ကိုယ်ဆိုပေမယ့် ပါလာတဲ့သူအကုန် မနက်ဖြန်အလု ပ်ကိုယ်စီ ချိန်းထားတာကိုယ်စီ…လိုက်ပါကူညီဆောင်ရွက်ပေးတဲ့ဦးဇင်းကတော့ အားကစားခန်းမဆီ လိုက်စေချင်သေးတာ…ဒုက္ခရောက်နေသူအား လူံးကို မြင်စေချင်တယ်,အားပေးစေချင်တ ယ်,ကိုယ်ထိလက်ရောက်လှူ စေချင်တယ်လေ.

..ဒါမယ့် ကိုယ်တွေအဖို့လည်း ရန်ကုန်မြေထိတန်းပြန်ရမှာဖြစ်တော့ ခုမှမသွားရင် လမ်းခရီးမိုးချုပ်စိုးထိန့်မိတယ်လေ….ဒါနဲ့ဘဲဦးဇင်းကိုလျှောက်ပီး ပြန်တော့မယ်ပြောကာ ထွက်လာကြတယ်ပေါ့..အာ့မှစတာဘဲ ဇာတ်က ခုမှ ကောင်းခန်းရောက်တာပါ…ဒါနဲ့မြို့ထဲကနေပတ်ပြီး ပြန်မယ်လုပ်တော့ ရေးမြို့က တံတားဘောင်ဘေးမှာလူတွေ ရုန်းရုန်း ရုန်းရုန်းနဲ့ ဘာများလဲပေါ့…လူတွေကြည့်တော့လည်း တံတားပေါ်ကနေ ရေထဲလက်ညှိုးတွေထိုး တယောက်တပေါက်တွေပြောနဲ့….ဒါနဲ့ကားဆက်မောင်းနေရင်း တံတားအဆင်းမှာ အဝေးကနေ ပြေးလာတဲ့ ခေါင်းပေါ်အဝတ်ထုတ်ရွက်ထားတဲ့အမျိုးသမီးတဦးနဲ့ကလေးတယောက်ရယ် ဘေးက အသက်ကြီး လူတယောက်ရယ် အော်ဟစ်ပြီးပြေးလာကြတာမြင်တော့ ကားပေါ်ပါသူအားလုံး တခုခုဖြစ်နေပီဆိုတာ သဘောပေါက်လိုက်ပီ…

အာ့မှာ မောင်းနေတဲ့ ကျျွန်တော့်တပည့်က ပြောပါတယ်…ခုနက သူကြားတယ်တဲ့ စီးဖော်(သူက ကျွန်တော့်ကို ဆရာလို့မခေါ်ဘဲ စီးဖော်ဘဲခေါ်တာပါ)တဲ့ စီးဖော်တို့လှူနေတုန်း လူတယောက်ဖုန်းပြောသံကျနော်ကြားတယ်တဲ့ ဒီရေတွေတက်လာပီဆိုပီးတဲ့…အာ့မလို့ စီးဖော်တို့ကို ပြန်ရအောင်လို့ ပြောတာတဲ့….သူအာ့လိုပြောချိန် ကိူယ်ဟာကားနောက်ခန်းမှာ နေလို့မရတော့ပါဘူး…ရင်ထဲမှာလည်းကုလားဘုရားလှည့်သလို ဒိန်းတတ်တတ်တွေဖြစ်နေပါပီ…ကားမှန်ကိုချ အပြင်ကိုနားစွင့်….တအိမ်ထွက် တအိမ်နဲ့အကုန်လုံးလည်းလမ်းပေါ်ထွက်လာကြ…ဆိုင်ကယ်သံတွေလည်း တသီသီ…ဟွန်းတွေတီး သတိတွေပေးသလို…ကလေးတွေက အော်ငို…လူကြီးတွေက ဟိုပြေးဒီပြေးနဲ့ ရေထဲဓါတ်မီးတွေထိုးသူကထိုး….

ကိုယ်တွေကတော့ ဘာလုပ်ကြမလဲ ရေတွေပြန်တက်လာပီထင်တယ်…လုပ်ပါအူးဆိုပီး ကျွန်တော်က ထိပ်ဆုံးက အသံပျက်နေပီ…ခေါင်းထဲမှာလည်း နိုင်ငံခြားကားတွေထဲကလို ရေတွေတက်လာမယ်…ကျွန်တော့်ကားက ဆက်မောင်းမရဘူး. ..တကွဲတပြားစီရေဆွဲချရာပ ါသွားကြမယ်..ရွှံ့တွေလူးကြမယ်…သစ်ပင်တွေ သစ်ကိုင်းတွေနဲ့ညှိမယ်…အသားတွေပြဲမယ် သွေးတွေထွက်မယ်..နောက်ဆုံး ရေဆွဲချရာ မှောင်မဲနေတဲ့ချောင်းထဲကယ်သူ မဲ့အော်ခေါ်….ဒါတွေထိခေါင်းထဲ အတွေးထဲပေါ်လာပီး ဒူးတွေပါတုန်လာတာ….

ဒါနဲ့သူငယ်ချင်းမိချောက ဟဲ့ ေ-ာက်ကောင် ဖုန်းဆက်လေ..ခုဖုန်ူဆက်မေး ရှေ့က ကားကိုဆိုပီး ဒေသခံညီလေးကို ဖုန်းဆက်မေးမှ အကို ဘာမှမကြောက်နဲ့ ဒီမှာက ဒီရေတွေက ညဘက်ဆိုတက်နေကြ…တဲ့
ဒါမယ့် အကိုရယ်တဲ့ မနေ့တနေ့ကမှ ဒီအဖြစ်ကို ဆိုးဝါးစွာခံထားကြရလို့ ခုအသံမကြားလိုက်နဲ့ ကြားလိုက်တာနဲ့ တမြို့လုံး အိမ်မက်ဆိုးတွေကြားပြေးလွှားနေရသလို အဖြစ်ပျက်ကို ခုချိန်ထိ သွေးလန့်နေကြတာ အကိုရေလို့လည်းပြောရော… ကိုယ့်စိတ်ထဲ ဝမ်းနည်းမှုကိုယ်ချင်းစာမှုများနဲ့ ရင်ထဲအင်မတန်ဝမ်နည်းပီး ပြန်လာတဲ့လမ်းမှာ တိတ်ဆိတ်ခြင်းများနဲ့အတူ အတွေးကိုယ်စီဖြင့် ပြန်လာခဲ့ကြရတဲ့ ရေးမြို့ ရေဘေးကယ်ဆယ်ရေးအလှူလေး အဖြစ် အမှတ်တရ ???” လေးပါဆိုပြီး ပြောပြခဲ့ပါတယ်။

အဲ့ဒီနောက် ဆက်လက်ပြီးကြောက်ဒူး တုန်ခဲ့ရတဲ့ အကြောင်းကိုလဲ “ မှတ်ချက်- ကျွန်တော်ဒူးတွေရင်တွေတုန်တာ မော်လမြိုင်ရောက်မှ ငြိမ်သွားတာပါ…ဘဝမှာ စစ်တပ်ထဲနေတုန်းသူပုန်တွေလာလို့ တတပ်လုံးမီးမှိတ်အမှောင်ချပြီး သေနတ်သံတွေကြား ပုန်းရတာ တခုရယ်, ခုသဘာဝကပ်ဘေးရေနဲ့ပက်သက်ပြီးကြောက်ဒူးတုန်ရတာ တခုအဖြစ်သို့ ?” ဆိုပြီး ရေးသားခဲ့ပါသေးတယ် ။

အဆုံးထိ ဖတ်ရှု့ပေးကြတဲ့ ပရိသတ်အပေါင်းကိုကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source – Nyein Ko’sfb

(Visited 4928 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ