ရောဂါအ​ခြေအနေ ပိုပိုဆိုးလာတဲ့ သရုပ်ဆောင် ကစ်ကစ်

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ဟာသသရုပ်ဆောင်ကစ်ကစ်ဟာ သူချစ်တဲ့ အနုပညာအလုပ်တွေကိုတောင် ရပ်နားထားရပြီး ကျောက်ကပ်ရောဂါ
ဝေဒနာကို ခံစားနေရတဲ့သူတစ်ဦးပါ။ သူမရဲ့အခြေအနေဟာ ကောင်းတစ်လှည့်မကောင်းတစ်လှည့်နဲ့ ဖြစ်နေပြီးယခုအချိန်မှာတော့ မျက်စိတစ်ဖက်ကွယ်လုနီးပါးအချိန်ကို ရောက်ရှိနေပြီ ဆိုတဲ့ အကြောင်းကို တေစရေးမက်းကိုက ပြောပြလာခဲ့ပါတယ်။

သူပြောပြခဲ့တာက တော့ ” အခြေနေပိုပိုဆိုးလာတဲ့ဟာသသရုပ်ဆောင်မကစ်ကစ်ရဲ့လက်ရှိအခြေအနေ…ဝိုင်းဝန်းကူညီပေးကြပါဦး…ကျွန်တော်လည်းအပတ်စဉ်အခမဲ့ဆေးကုခရီးစဉ်လေးတွေထွက်နေရတာမို့မကစ်ကစ်ဆီမရောက်ဖြစ်ဘူး…တနေ့ကတော့ကျွန်တော်တို့အဖွဲ့ တွေဒေါက်တာအောင်ကိုမြင့်နဲ့အတူသွားကြည့်ပေးခဲ့ကြတယ်…!

“မျက်စိတဖက်ကလည်းတဖြည်းဖြည်းကွယ်လာပြီဖြစ်လို့အစ်မကိုမျက်စိကုပေးမယ့်အလှူရှင်လေးရှာပေးပါမောင်လေးရယ်လို့ရင်ဖွင့်လာပါတယ်…ပြီးတော့ ရှမ်းပြည်ကဆေးကုအစွမ်းထက်တဲ့ဆရာတော်တပါးဆီပို့ပေးဖို့တောင်းဆိုနေတာကိုလက်ရှိကျန်းမာရေးအခြေအနေအရ အမြဲလိုလိုအမောဖောက် လျက်ရှိနေတာမို့ လမ်းခရီးမှာတခုခုဖြစ်မှာစိုးလို့ပို့ပေးဖို့ကိုမဝံ့မရဲဖြစ်မိပါတယ်…”

“အပတ်စဉ်တပတ်ကိုနှစ်ကြိမ်ကျောက်ကပ်ဆေးနေရာမှတပတ်ကိုသုံးကြိမ်ကျောက်ကပ်ဆေးလာရတာနှစ်လနီးပါရှိပြီဖြစ်ပြီး..တနေ့ကိုအောက်စီဂျင်ငါးလုံးပေးနေရတာကသုံးလရှိနေပါပြီ…ညီမလေးခင်သဇင်က လစဉ်ကျောက်ကပ်ဆေးပေးမယ့်အလှူရှင်ရှာထားပေးပေမယ့်စားဝတ်နေရေးအတွက်ခက်ခဲလျက်ရှိနေပါတယ်..

“အရေးပေါ်အသည်းအသန်ဖြစ်ပြီဆိုကတည်းက
ကျောက်ကပ်လဲပေးဖို့ထိကျွန်တော်စီစဉ်ထားခဲ့ပါတယ်…ကျောက်ကပ်အလှူရှင်စာရင်းကျွန်တော်မှာများစွာရှိပြီးကျောက်ကပ်လဲမယ့်ကုန်ကျစရိတ်ကိုတာဝန်ယူပေးမယ့်သူဌေးတွေကလည်းရှိပါတယ်..ဒါပေမယ့်အခြေနေကပိုပိုဆိုးလာနေတာမို့အကောင်ထည်မဖော်ပေးနိုင်ခဲ့ပါဘူး…”

“ကျွန်တော့်ထံအားကိုးတကြီးရင်ဖွင့်တတ်တာမို့အခုလည်းရှမ်းပြည်ကဘုန်းကြီးဆီပို့ပေးဖို့တောင်းဆိုနေတာကိုပို့ပေးသင့်မပို့ပေးသင့်ဝိုင်းဝန်းအကြံပေးကြပါဦးခင်ဗျ…လူနာတယောက်ရဲ့ဆန္ဒကို လိုက်လျောပေးရမှာလားဆိုတာချီတုံချတုံဖြစ်မိပါတယ်…စားဝတ်နေရေးခက်ခဲနေတဲ့မကစ်ကစ်ကို လှူဒါန်းလိုပါကမကစ်ကစ် ဖုန်း 09799894140 ကိုဖုန်းဆက်ပြီးလှူဒါန်းနိုင်ပါတယ်ခင်ဗျ…”

“ဒီနေ့ကျောက်ကပ်ဆေးဖို့အတွက်ငွေကြေးအခက်ခဲရှိနေတယ်လို့လည်းလှမ်းပြောပါတယ်…ကျွန်တော်ကကျန်းမာရေးစောင့်ရှောက်မှုနဲ့ကယ်ဆယ်ရေးတွေမရောက်ခဲ့တဲ့ရေဘေးသင့်မွန်ပြည်နယ်အတ္ထရံမြစ်ဘေးကရွာလေးတွေမှာအခမဲ့ဆေးလိုက်ကုပေးနေတာမို့မကစ်ကစ်ကိုဝိုင်းဝန်ကူညီပေးကြပါဦးခင်ဗျ….” လို့ဆိုပြီး ကစ်ကစ်ရဲ့ လက်ရှိ ပုံရိပ်တွေနဲ့အတူ ရေးသားခဲ့ပါတယ်။

ကူညီလိုသူတွေ သိရှိနိုင်စေဖို့ မျှဝေပေးကြဖို့ မမေ့ပါနဲ့နော်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Snow(mcc)
Source – Minn Ko’ s fb

(Visited 6578 times, 3 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ