Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရေဘေးအတွက် မန္တလေးမှာ ရံပုံငွေ ပွဲကမယ့် နှင်းဆီအဖွဲ့သားများ

ရုပ်ရှင်မင်းသားမင်းသမီးတွေနဲ့ ဒါရိုက်တာတွေ ဖွဲ့စည်းတည်ထောင်ထားတဲ့ နှင်းဆီရင်ခွင် ငြိမ့်အဖွဲ့ဆိုပြီး ဖွဲ့စည်းထားကာ သဘာဝဘေးအန္တရာယ်တွေနဲ့၊ စစ်ဘေးရှောင်ပြည်သူ တွေအတွက် ရံပုံငွေအဖြစ် ကပြဖျော်ဖြေလေ့ရှိပါတယ်။ ယခုအခါမှာတော့ မွန်ပြည်နယ်ရဲ့ ရေကြီးမှုတွေ၊ တောင်ပြိုမှုတွေကြောင့် အိုးမဲ့အိမ်မဲ့နဲ့ ပျက်ဆီးဆုံးရှုံးမှုတွေများခဲ့ပါတယ်။ အဲ့ဒီ သဘာဝဘေးသင့်ခဲ့တဲ့ ပြည်သူတွေအတွက် ရံပုံငွေအဖြစ် မန္တလေးမြို့မှာ နှင်းဆီ အဖွဲ့သားတွေက သွားရောက်ဖျော်ဖြေမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး “ သဘာဝဘေးဒဏ်ခံစားနေရသောပြည်သူများအတွက် ရံပုံငွေရရှိနိင်ရေးအလို့ဌာ ? မင်္ဂလာပါ မန္တလေး … ကျွန်တော်တို့မကြာမှီ … လာပါမည်” ဆိုကာ ကျော်ကျော်ဗို ကသူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြထားခဲ့ပါတယ်။

မွန်ပြည်နယ်ဟာ ယခုနှစ်မှာ သဘာဝဘေးသင့်ခဲ့ပါပြီ ဖြစ်လို့ မွန်ပြည်နယ်ကိုကယ်တင်ဖို့အတွက် အနုပညာရှင်အသိုင်းအဝိုင်းမှ လူတစ်ချို့က သွားရောက်ကာ လှူဒါန်းမှုတွေလုပ်ဆောင်နေကြပါပြီ။ အခြားသော ကယ်ဆယ်ရေးအဖွဲ့တွေ ပရဟိတအဖွဲ့တွေကလဲ ကူညီဆောင်ရွက်ေ ပးနေကြတာဖြစ်ပါတယ်။

အဆိုပါရေဘေးသင့်ခဲ့တဲ့ဒေသတွေကတော့ မော်လမြိုင်၊ ရေး ၊ ကျိုက်မရော၊ မုတ္တမ အစရှိတဲ့ နေရာတွေမှာ ရေဘေးသင့်ခဲ့ကြတာဖြစ်ပါတယ်။ ဖတ်ရှု့ပေးမိသူတွေ အားလုံး လဲ လှူဒါန်းပေးကြဖို့ နှိုးဆော်ပါတယ်နော်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Source – Kyaw Kyaw Bo’sfb

(Visited 629 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ