Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရေနွေးပူနဲ့လောင်းသွားတဲ့ လူရွှင်တော် ကိုတော့ပ် ရဲ့ မိန်းမကို အမှုဖွင့်ထား

အနုပညာရှင်တွေကြားမှာသာမက အိမ်ထောင်သည်တွေကြားမှာပါ ထိတ်လန့်စရာ သတင်းတစ်ခုဖြစ်တဲ့ ဟာသလူရွှင်တော် ကိုတော့စ်ရဲ့ရေနွေးပူနဲ့လောင်းခံရတယ်ဆိုတဲ့ သတင်းပါဘဲ။ အဲ့ဒီသတင်း​ကိုကြားပြီးနောက် လုပ်ဖော်ကိုင်ဖက်တစ်ချို့က ကုသမှုတွေသွားရောက်လှူဒါန်းခဲ့တယ်လို့လဲ သိရပါတယ်။

ဒီသတင်းကြောင့် ထိတ်လန့်သွားတဲ့ သူတွေထဲမှာ ဟာသလူရွှင်တော်ကောင်းကျော်လဲ တစ်ယောက်အပါအဝင်ပါနော်။ သူ့ရဲ့စိုးရိမ်ပုံကို ” ခဏလေး မှေးကနဲ အိပ်  ပျော်မယ်ရှိသေးတယ်   မိန်းမလုပ်သူက ရေနွေးအိုး ထပြီးတည် သံကြား  လို့  ငေါက်ကနဲ ထထိုင်  မိတဲ့ ငါ့ဘဝ  ခ်ခ်ခ်” လို့ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာရေးသားခဲ့ပါတယ်။

အဲ့ဒီနောက် ဟာသလူရွှင်တော် ကိုတော့ပ် ရဲ့ မိန်းမဖြစ်သူကို အမှုဖွင့်ထားတာနဲ့ပတ်သက်ပြီး ”  မိန်းမနှင့်စကားများ ပြီးအိပ်ပျော်နေစဉ် မိန်းမလုပ်သူက ရေနွေးပွက်ပွက်ဆူဖြင့်အလောင်းခံလိုက်ရသည့် ဟာသလူရွှင်တော်  တော့ပ် အား 26-5-2020 မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) မြန်မာနိုင်ငံသဘင်လှုမှုကူညီစောင့်ရှောက်ရေးကော်မတီ(ဗဟို) တို့နှင့်အတူ”

” မြန်မာ့စိတ်ရင်း ပရဟိတလူမှုကူညီရေးအသင်းမှ ဒု/ဥက္ကဋ္ဌ ဖြစ်သည့်( မင်းသားလေး) မိုးမာန် တို့၏ ပရဟိတအသင်းသားများစုပေါင်းပြီး ညောင်လေးပင်ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး ၅ထပ် ခွဲစိတ်ဆောင်သို့ ပို့ဆောင်ပေးခဲ့ကြပြီး မြန်မာ့စိတ်ရင်း ပရဟိတအသင်းမှ အနီးကပ်ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပါတယ် ။ ရေနွေးပူဖြင့် လောင်ခဲ့သော လူရွှင်တော်တော့ပ် ရဲ့ ဇနီးကို လည်း ကာယကံရှင် တော့ပ် ရဲ့ ဆန္ဒအတိုင်း ညောင်လေးပင် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထား​ပါတယ် ” လို့ဆိုကာ သိရပါတယ်။

ဒါအပြင် လူရွှင်တော် တော့ပ် ဇနီးရဲ့ လုပ်ရပ်တစ်ချို့ကိုလဲ လူရွှင်တော်ကောင်းကျော်က ” လင်မယား အချင်းများရာမှဇနီးဖြစ်သူမှ ယောကျာင်္းဖြစ်သူ အိပ်ပျော်နေစဉ် ရေနွေးပူဖြင့် လောင်းချခြင်းခံရပြီး ဇနီးမှ ဆေးဝါးကုသပေးခြင်းမပြုဘဲ ၁၀ရက်ကျော် အိမ်မှာထားရှိပြီး ဘေးပါတ်ဝန်းကျင်မှ အမြင်မတော်လို့ ဆေးရုံကို ပို့ပေးကြရာတွင် ဇနီးဖြစ်သူမှ ဆေးရုံးလိုက်ပို့ပေးကြသူများအား သူ့လင်အားအိမ်သို့ ပြန် မခေါ်လာရန် လင်ယောကျာင်္းအဝတ်အစားများပါ တစ်ခါထည်း ထည့်ပေး လိုက်သည့်အတွက် “

“ဆေးကုသရန်အခက်အခဲဖြစ်နေသော ဟာသလူရွှင်တော်  တော့ပ်  သတင်းအား ကြားသိရပါ၍ မြန်မာနိုင်ငံသဘင်အစည်အရုံး(ဗဟို)မှ ဒုဥက္ကဋ္ဌဦးစိန်မြအောင်နှင့်အလုပ် အမှုဆောင်များဖြစ်ကြသည့် ဦးဌေးလွင်/ ဦးစိုလှိုင်ထွန်းနှင့် မြန်မာနိုင်ငံသဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီ(ဗဟို)မှ အတွင်းရေးမှုး ဦးဝင်းမောင် (တွဲ/အတွင်းရေးမှုး)ဦးတင်ထွဋ် တို့ပါဝင်သော အလုပ်အ မှုဆောင် များ မှ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုအားပေးကြပြီး ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသပေးနိုင်ရန်အတွက် ပရဟိတအသင်းများနှင့် ချိတ်ဆက်ပြီးကူညီ ဆောင်ရွက် နေကြပါတယ် ” လို့ ဆိုကာ အသေးစိတ်ရေးသားဖော်ပြခဲ့ပါသေးတယ်။

Snow(mcc)

(Visited 7101 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ