Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရုံးတွေ ၊ စက်ရုံတွေ ပိတ်ပေးသင့်ပြီလို့ ဆိုတဲ့ စမိုင်းလ်

ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုနဲ့ ယနေ့အချိန်ထိ နာမည်ကျော်ကြားနေဆဲဖြစ်တဲ့ မော်ဒယ် သရုပ်ဆောင်စမိုင်းလ်ဟာ ဘာသာရေးကိုလဲကြိုးစားလုပ်ဆောင်နေသလို အနုပညာအလုပ်တွေလဲ လုပ်ဆောင်လာတာကိုတွေ့ရပါတယ်။ သူက ယခုအခါမှာတော့ မြန်မာနိုင်ငံကို ကူးစက်လာပြီဖြစ်တဲ့ အတွက် အထူးသတိထားသင့်တဲ့ အကြောင်းအရာတွေကို ပြောပြလာခဲ့ပါတယ်။

သူမ သတိပေးလိုက်တာကတော့ ” ပြန့်တာတော့တော်တော်ပြန့်နေလောက်ပြီ ရုံးတွေဆိုင်တွေ စက်ရုံတွေပိတ်ပေးသင့်နေပါပြီ။ နေ့စဉ်ဘစ်ကားစီးပြီးလာနေရတဲ့သူတို့ ဘဝပိုကြောက်ဖို့ကောင်းတယ် ” လို့ ဆိုပြီးလဲ ရေးသားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကြောက်လန့်ပြီး စိတ်ညစ်နေသူတွေ အတွက်ကိုလဲ ” စိတ်မညစ်နဲ့ဘာဖြစ်ဖြစ်စိတ်မညစ်နဲ့ နောက်ပြီးရင်ကောင်းသွားမယ် နေတတ်အောင်ကြိုးစားကွယ်🙏🏼🙏🏼🙏🏼” လို့ ဆိုကာ အားပေးစကားပြောခဲ့ပါသေးတယ်။

စမိုင်းလ်ကတော့ သူ့ အလုပ်က ဝန်ထမ်းတွေကိုတော့ အိမ်ကနေပြီးအလုပ်လုပ်နိုင်ဖို့ စီစဉ်ပေးကာ ရုံးကို မလာခိုင်းတော့ဘူးလို့လဲ သိရပါတယ်။ အလားသူတစ်ချို့သောလုပ်ငန်းခွင်တွေလဲ ခေတ္တပိတ်ထားတယ်လို့ သိရပါတယ်။ အများစုသော လုပ်ငန်းတွေကတော့ ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်တာကြောင့် အားလုံးသတိရှိကြဖို့ ထပ်မံ အသိပေးချင်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံ တွင်းရောဂါပိုးတွေ့ရှိသူ ၁၅ဦးထိရှိခဲ့ပြီး ပြည်သူများအနေနဲ့ အထူးသတိထ ဂရုစိုက်ရတော့မယ့် အခြေအနေကို ရောက်ရှိနေပြီဘဲ ဖြစ်ပါတယ်။

Snow(mcc)
Source – smile’sfb

(Visited 703 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ