ရုံတင်ပြသခွင့်ရခဲ့ပြီ ဖြစ်တဲ့ ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီး

ပရိသတ်ချစ်တဲ့ အနုပညာရှင်တွေ ကဖန်တီးပုံဖော်ထားခဲ့တဲ့ ‘၁၀၁၄ ‘ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ ရိုက်ကူးခဲ့စဥ်အချိန်ထဲက ပရိသတ်တွေက အရမ်းကိုစိတ်ဝင်စားနေခဲ့ကြတာဘဲ ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးဟာ ထေရဝါဒဗုဒ္ဓဘာသာ နဲ့သက်ဆိုင်အကြောင်းအရာတွေကို အခြေခံထားကာရိုက်ကူးထားတဲ့ကားဖြစ်တယ်လို့ သိရပါတယ်။

ရုပ်ရှင် ဇာတ်ကားကြီးရဲ့ နာမည်ကလဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။ အဲ့ဆန်းပြားတဲ့နာမည်ကတော့ မြန်မာနိုင်ငံကို ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံတော်အဖြစ် စွမ်းဆောင်ပေးခဲ့တဲ့ ”မင်းမြတ်အနော်ရထာ” ရဲ့ သာသနာပြုမင်းကြီးမွေးဖွားရာ ခရစ်သက္ကရာဇ် (AD 1014) ကို အစွဲပြုပြီး ‘၁၀၁၄ ‘လို့ အမည်ပေးခဲ့တာဖြစ်တယ်လို့လဲ သိရပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ တစ်ခေတ်တခါက နန်းဝတ်နန်းစားတွေနဲ့ အပြောအဆိုအပြုအမူ ၊ တစ်ချိန်က ဗုဒ္ဓဘာသာအပေါ်သက်ဝင်ယုံကြည်မှု စတာတွေကို တွေ့မြင်ရနိုင်ပါတယ်။

၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးကို ဦးကျော်သူက ဒါရိုက်တာအဖြစ်ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင်တွေအဖြစ် ကျော်သူ ၊ဒေါင်း၊ ထွန်းကိုကို၊ ပြေဇင် ၊ ထူးအောင်၊ ခိုင်ထူးသာ ၊ မို့မို့မြင့်အောင်၊ မေမြင့်မိုရ် နဲ့ ရတနာဗို တို့က အဓိကပါဝင်ရိုက်ကူးထားကြတာဖြစ်တယ်လို့ သိရပါတယ် ။

အဆိုပါရုပ်ရှင်ဇာတ်ကားကြီးဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးမှာ ရှိတဲ့ မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ပြသွားမှာ ဖြစ်တယ်လို့လဲ သိရှိခဲ့ရပါတယ်။

ပရိသတ်တွေချစ်တဲ့ အနုပညာရှင်တွေပါတဲ့ ရုပ်ရှင်ကားကြီးမို့ အားပေးဝန်းရံကြမယိခို့ထင်မိပါတယ်။ ဖတ်ရူ့သူချစ်ပရိသတ်အပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)
Source – kyaw thu’sfb

(Visited 1097 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ