Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရုပ်ရှင်သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံရဲ့ အမေ ကွယ်လွန်

ပရိသတ်တွေရဲ့အချစ်ကို များစွာရရှိထားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံရဲ့ မိခင် ဒေါ်ရင်သန်းဟာ အသက် ၇၉နှစ် ရှိပြီ ဖြစ်ပြီး မေလ ၆ရက်နေ့က ဆေးရုံတက်ခဲ့ရကာ မေလ ၂၄ရက်နေ့ မနက် ၅နာရီအချိန်ခန့်က ဘဝတစ်ပါးသို့ ကူးပြောင်းသွားပါပြီ။ အကယ်ဒမီ တက္ကသိုလ် ဂွမ်းပုံဟာ မိခင်ကြီးအတွက် အလှူအတန်းပြုလုပ်ခဲ့တဲ့အကြောင်းကိုပြောပြလာခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” မေမေ..မနက်၅နာရီမှာ..ဆုံးသွားပါပီ..ကွယ်လွန်သူ.မေမေ့..အတွက်ရည်စူး၍..နာရေးကူညီမှုအသင်း (ရန်ကုန်)သို့..အလှူငွေ ၅သိန်း ကျပ်..လှူဒါန်းခဲ့ပါသည်…မေမေနှင့်တကွ..အားလုံး…ကုသိုလ်ထပ်တူရရှိကြပါစေသော်….🙏🙏🙏🙏🙏” လို့ ဆိုကာ အလှူပြုခဲ့ကြောင်းရေးသားခဲ့ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံ ရဲ့ မိခင် ဒေါ်ရင်သန်း အသက်(၇၉)နှစ် ရဲ့ နောက်ဆုံးခရီးကို ၂၀၂၀ ခုနှစ် မေလ (၂၄)ရက် နေ့ နံနက် (၁၀:ဝဝ)နာရီအချိန်က နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ နှင့် ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို၊ စွမ်းထက်၊ ဇွဲလရောင် တို့က ရုပ်ခန္ဓာအားစံပြဆေးရုံ မှ ရေဝေးသုသာန်သို့ ပို့ဆောင်ကာ သင်္ဂြိုလ်ခဲ့ပြီးဖြစ်ပါတယ်။

ကိုဗစ်ကာလအတွင်းမှာ အနုပညာရှင်တစ်ချို့ရဲ့ မိခင်တွေ ဘဝတစ်ပါးသို့ကူးပြောင်းသွားခဲ့ကြပါတယ်။ အဆိုပါ အနုပညာရှင်တွေကတော့ ချောရတနာ ၊ သန္တာဗို ၊ ဆုမြတ်နိုးဦးတို့ ရဲ့ မိခင်တွေ ကွယ်လွန်ခဲ့ပြီး ယခုအခါမှာလဲ တက္ကသိုလ် ဂွမ်းပုံရဲ့ မိခင်ကြီးမှာလဲ ကွယ်လွန်ခဲ့ပါပြီး ဒါကြောင့် Myanmar celecrazy အဖွဲ့သားတွေမှ မိသားစုတွေနဲ့ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်။

Snow(mcc)

(Visited 11082 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ