Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာနှင့် ဇနီးဖြစ်သူ တို့ကို တရားစွဲဆို

Covide – 19 ကြောင့် လူအများကြား စိုးရိမ်မှုတွေဖြစ်ပေါ်နေချိန်မှာဘဲ စိတ်မချမ်းမြေ့ဖွယ်ရာ သတင်းတစ်ခု ကြားခဲ့ရပါတယ်။ အဲ့ဒါကတော့ မကြာသေးခင် ရက်ပိုင်းအတွင်းက ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာရဲ့ ဇနီးဖြစ်သူက သူ့ခင်ပွန်းဖောက်ပြန်နေပါတယ်လို့ ဆိုကာ သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ ရေးသားဖော်ပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ လူမှုကွန်ယက်စာမျက်နှာမှာ မင်းရာဇာ အိမ်ဖော်နဲ့ဖောက်ပြန်မိခဲ့ပါတယ်ဆိုတဲ့ အသံဖိုင်တွေထွက်ပေါ်ခဲ့ပြီး အိမ်ဖော်ကောင်မလေးကိုလဲ မေးမြန်းထားတဲ့အသံဖိုင်ပါ ထွက်ရှိခဲ့တာပါ။ သို့ပေမယ့် ယနေ့ကြားသိခဲ့ရတဲ့ သတင်းမှာတော့ မင်းရာဇာတို့ ဇနီးမောင်နှံအပါအဝင်၊ ယောက်ခမဖြစ်သူကိုပါ အမှုဖွင့်ထားတယ်လို့ သိခဲ့ရပါတယ်။

ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာပါ (၃)ဦးဟာ အိမ်အကူဖြစ်သူကို အက်စစ်နဲ့ ပက်သောကြောင့် မိခင်ဖြစ်သူမှ ရွှေပေါက်ကံရဲစခန်းတွင် တိုင်ကြားခဲ့ကြောင်းသိရပါတယ်။ ရွှေပေါက်ကံရဲစခန်းက ပြစ်မှုကျူးလွန်သူ.တာမွေမြို့နယ်၊ကျောက်မြောင်းရပ်ကွက်၊ဇောတိကလမ်းနေ ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာ၊ ဇနီးဖြစ်သူမဖူးငုံပွင့်နှင့်ဦးမောင်မောင်အေးတို့အား (ပ)အမှတ် ၅၀၅၊ပုဒ်မ ၃၂၄၊၃၂၅၊၃၅၄၊၁၁၄တို့ဖြငိ့ အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။

လက်ရှိမှာတော့ မိန်းကလေးငယ်မှာ မြောက်ဥက္ကလာပမြို့နယ်ဆေးရုံကြီးမှာ ဆေးကုသမူခံယူနေရပြီလို့ သိရပါတယ်။

Snow(mcc)
Source – the voice , kumudra

(Visited 19448 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ