Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရုပ်ရှင်ပြန်ရိုက်တော့မယ် ဆိုတဲ့ ဖွေးဖွေး

ပရိသတ်တွေအရမ်းချစ်ပြီး သရုပ်ဆောင်မှုတွေမှာလဲ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပုံဖော်နိုင်သူ ဖွေးစိန်လေးကတော့ ရုပ်ရှင်ဇာတ်ကားတွေပြန်လည်ရိုက်ကူးတော့မယ်လို့သိရပါတယ်။ သူမဟာ ကားအက်စီးဒန့် တစ်ခုကြောင့် ရုပ်ရှင်ရိုက်ကူးမှုတွေ နားထားပြီး ယခုမှသာ ပြန်ရိုက်တော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့တာပါ။

သူမဟာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေကို သူမရဲ့ ဆရာဖြစ်သူ ဒါရိုက်တာဝိုင်းနဲ့ ရိုက်ကူးလေ့ရှိပြီး ဝိုင်းနဲ့တွဲဖက်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ဘဲ အကယ်ဒမီ ၃ဆုကို ရှိပိုင်ဆိုင်ထားနိုင်သူလဲ ဖြစ်ပါတယ်။ ဖွေးဖွေးက ခုနောက်ပိုင်းမှာတော့ လူငယ်ဒါရိုက်တာတွေနဲ့ အတူရုပ်ရှင်ကားတွေရိုက်ကူးနေပြီဘဲဖြစ်ပါတယ်။

တက်သစ်စလူငယ်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦးနဲ့အတူ သူစိမ်းအိမ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး မကြာခင်မှာလဲ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ယခု ရုပ်ရှင်ပြန်လည်ရိုက်ကူးတဲ့အခါမှာလဲ လူငယ်ဒါရိုက်တာ အောင်မြတ် နဲ့ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်ရှင်ဇာတ်ကားနာမည်က Love Equation ဖြစ်ပြီး မင်းသားက ဘယ်သူဆိုတာကို ဖော်ပြပေးထားခြင်း မရှိသေးပါဘူး။ ဖွေးလေးရုပ်ရှင်ပြန်လည်ရိုက်ကူးတော့မှာဖြစ်လို့ အားပေးစကားလေးတွေပြောခဲ့ပေအုံးနော်။ ဖတ်ရူ့သူတွေကို ကျေးဇူးတင်ပါတယ်။

Source – phway phway’s fb

(Visited 959 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ