Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရုပ်ရှင်ကားတွေမရိုက်ရလို့ဖိနပ်ချုပ်နေတဲ့ ပါကျဲ ကို ရုပ်ရှင်ခေါ်ရိုက်မယ့် ယုန်လေး

ပရိသတ်တွေကြားမှာဟစ်ဖြစ်နေတဲ့ ဟာသ လူရွှင်တော် ပါကျဲဟာ အနုပညာဝါသနာပါသော်လည်း ရိုက်ကူးဖို့ မခေါ်ကြတာကြောင့် စားဝတ်နေရေးအရ အကိုဖြစ်သူဆိုင်မှာ ဖိနပ်ချုပ် ထီးပြင်တဲ့ အလုပ်ကို လုပ်နေခဲ့တယ်လို့ သိရပါတယ်။ သူကဖိနပ်ချုပ်တဲ့ လုပ်ငန်းကို လုပ်ကိုင်နေတာဟာ ၃လခန့်ရှိနေပြီ ဖြစ်ပြီး စတင်လုပ်ကိုင်စဉ်က ရှက်တဲ့စိတ်နဲ့ ပုန်းလျိုပြီးနေခဲ့ရတယ်လို့လဲသိရပါတယ်။

နောက်ပိုင်းမှာတော့ စားဝတ်နေရေးအတွက်လုပ်ရမယ်လို့တွေးပြီး ရှက်တဲ့စိတ်ကိုဖျောက်ကာ အလုပ်ကိုသေသေချာချညလြပ်ကိုင်နိုင်ခဲ့ပါတယ်။ သို့ပေမယ့် အနုအလုပ်အခွင့်အလမ်းပြန်ရလာရင်တော့ ပြန်လုပ်တော့မှာပါလို့ဆိုပြီး သူကဆိုပါတယ်။ ယနေ့မှာတော့ ယုန်လေးက အဆိုပါသတင်းနဲ့ပတ်သက်ပြီး ဝမ်းသာစရာ အကြောင်းအရာတစ်ခုကို ပြောပြလာပါတယ်။

သူပြောခဲ့တာကတော့ ” MC က View လိုက် ကျွန်တော်က ခေါ်ရိုက်လိုက်နဲ့ ဟုတ်တော့ဟုတ်နေပြီ ။ ပျော်နေတာတွေ မြင်ရတော့ ပီတိဖြစ်မိပါသည် ” ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားဖော်ပြထားခဲ့ပါတယ် ။

ယုန်လေးက သူ့ရုပ်ရှင်ကားတွေထဲမှာ အလုပ်အဆင်မပြေသူတွေကို ရုပ်ရှင်ခေါ်ရိုက်လေ့ရှိပါတယ် ။ ဖတ်ရှု့ပေးသူအားလုံး ကိုကျေးဇူးအထူးတင်ရှိပါတယ်။

Sourcev- yone lay’s fb,MC

(Visited 2165 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ