Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကွယ်လွန်သွားပြီဖြစ်တဲ့ ချစ်သူဟောင်းနဲ့ အတိတ်ကအမှတ်တရတွေကို ပြောပြလာတဲ့ ဥက္ကာမင်းမောင်

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် ဥက္ကာမင်းမောင်ဟာ တစ်ချိန်က သူ့မှာ ရင်နာစရာအမှတ်တရတစ်ခုရှိခဲ့တဲ့အကြောင်းကို ရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်။ ယခုအခါမှာလဲ သူ့ရဲ့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ချစ်သူဟောင်းနဲ့ လွန်ခဲ့တဲ့ ၆နှစ် တာကာလအတွင်း က သွားလာခဲ့တဲ့အမှတ်တရတွေကို ပြောပြရင်း လူတွေရဲ့ ဘုမသိဘမသိ ဝေဖန်ပြောဆိုတက်ကြတဲ့ အကြောင်းကိုလဲ ရေးသားပြောပြခဲ့ပါတယ်။

အဲ့ဒါကတော့ ” ဘာလိုလိုနဲ့ ၆ နှစ်တောင်ရှိသွားပြီ..Honeymoon ကို Asia ၇ နိုင်ငံထွက်ခဲ့စဉ်က..memory လေးပြန်တက်လာတော့လဲ အတိတ်ဟာ စိတ်ထဲမှာ ထင်ရှားစွာ မှတ်မိနေပါသေးတယ်.. အခုကျတော့လဲ အရာရာ ဟာ အိပ်မက်တခုလိုပါပဲ.. မေကြီးက Chad အပေါ် သားတယောက်လိုပဲ.. အရမ်းချစ်တာ.. Singapore မှာ မေကြီးတို့နဲ့ တွေ့ပြီး မြန်မာပြည်အနှံ့လျှောက်ပတ်ကြသေးတယ်..ဖေကြီးကလဲ ဟင်းတွေချက်ကျွေးသေးတယ်..သူလောကကြီးက အပြီးမထွက်သွားခင် သူမရောက်ဖူးသေးတဲ့နိုင်ငံတွေ ခေါ်သွားခွင့်ရတာ ပြန်တွေးလိုက်ရင်တော့ ကျေနပ်ပါတယ်..”

“ကျွန်တော်သူ့အတွက် ဖန်တီးပေးခွင့်ရသော ပေးဆပ်နိုင်ခဲ့သော ပျော်ရွှင်မှူလေးတွေပါ.. ကျွန်တော်ရယ် သူရယ် ခွေးလေးနှစ်ကောင်ရယ် နဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးတခုက အခုကျတော့လဲ တိမ်မြုပ်ပျောက်ကွယ်သွားပါပြီ.. Minnie လေးတကောင်ပဲ ကျန်တော့တယ်.. တကောင်က မနှစ်ကသေသွားပြီ.. ကျွန်တော်တို့ အရင်နေတဲ့ သူဆုံးခဲ့တဲ့ Manhattan က တိုက်ခန်းလေးရှေ့က တခါတလေ သတိရရင်သွားဖြတ်လျှောက်မိတယ်.. သူလောကကြီးက ထွက်ခွာသွားချိန် သူ့ဘေးနားခွေးလေးနှစ်ကောင်ပဲရှိတယ်..”

” ကျွန်တော်က မြန်မာပြည်မှာ..သူဘယ်လိုဆုံးသွားလဲ.. ဘယ် လောက်ခံစားသွားရလဲ.. ဘာတွေ ဘယ်လိုဖြစ်သွားတာလဲ ကျွန်တော်မသိဘူး..သူ မဆုံးခင် ၃ နာရီလောက်ထိ ကျွန်တော် နဲ့ facetime ပြောနေခဲ့တာ..ကျွန်တော့်စိတ်ထဲအဖြေမရှိသော မေးခွန်းပေါင်းများစွာနဲ့ အခုအချိန်ထိ မဖြေဆည်နိုင်သေးပါဘူး..မြန်မာပြည်ကို သူ့ကို ခေါ်လာတုန်းက တချို့သော သူတွေရဲ့ အတင်းပြောတာ ကြားခဲ့ပါသေးတယ်..စပွန်ဆာကို ခေါ်လာတယ်တဲ့..ဘုမသိဘမသိ နိုင်ငံခြားသားဆိုတာနဲ့ စပွန်ဆာပဲ တန်းပြောတဲ့ အောက်တန်းကျတဲ့ ဦးနှောက်တွေ..”

“အဲ့ဒီတုန်းက ဘာမှပြန်မပြောချင်လို့ ပါးစပ်ပိတ်နေတော့လဲ ကိုယ်က ဝန်ခံရာရောက်နေခဲ့တယ်..အခုအချိန်ထိ တချို့တွေပြောကြတုန်း.. ကြုံတုန်းတချို့တွေ သိအောင်ပြောတာ…ဒေါသထွက်ပြီး အောင့်သက်သက်ဖြစ်ခဲ့ရတဲ့ခံစားချက်ကို မေ့တော့မမေ့သေးဘူး..တကယ့်တကယ်တမ်း ခရီးစရိတ်အစအဆုံးအကုန် အကျခံခေါ်လာတာကကိုယ်ပါ..ကျွန်တော်တို့နှစ်ယောက်လုံး ဒီနိုင်ငံမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်လုပ်စာပဲ ကိုယ်စားပါတယ်.. ဒီက ကိုယ့်မြန်မာသူငယ်ချင်းတွေအသိဆုံး..”

“သူ့ရဲ့မိဘတွေကလဲ အခြေခံလူတန်းစားထဲကပါပဲ..ကိုယ်ချစ်လို့တရားဝင်ယူတာ ဆင်းရဲချမ်းသာ စိတ်မဝင်စားဘူး… ဒီနိုင်ငံရောက်ကတည်းက အိမ်ငှားနေတယ်..ခုချိန်ထိလဲ အိမ်ငှားနေနေဆဲပါပဲ.. မဝယ်နိုင်သေးပါဘူး.. New York က စျေးကြီးလို့… တခါတလေကျတော့လဲ လူတွေက သေချာမသိပဲ ဝေဖန်မယ်ဆိုတာချည်းပဲ.. ချစ်လို့ ယူထားလဲ စပွန်ဆာတဲ့..ဇွတ်ဝေဖန်တဲ့ လူတွေရဲ့ စိတ်ဓါတ်တွေ ရွံစရာ..လူတွေ ကျွန်တော့်အကြောင်း မီဒီယာတွေက ရေးရင် လှောင်ကြပါတယ်..မင်းမိဘအစားရှက်တယ်တို့ဘာတို့..ကျွန်တော့်မိဘက သူတို့သား Gay ဖြစ်သော်လဲ အချစ်မလျော့ပါဘူး..”

“ဘယ်လောက်ပဲ လှောင်လှောင် ကျွန်တော့်ဘဝမှာ ကျွန်တော့်ဖြစ်တည်မှုကို အပြည့်အဝနားလည်ပေးတဲ့ မိသားစုနဲ့ အေးချမ်းတဲ့ဘဝတခုမှာ နေခဲ့ရတာ ကံကောင်းတယ်လို့ ခံစားမိတယ်.. ဒီဓါတ်ပုံလေးဟာ သက်သေပါပဲ.. ကျွန်တော်တို့ဘဝကျင်လည်ဖြတ်သန်းပုံ တွေကို ကျွန်တော့်ဘဝအကြောင်းရေးတဲ့စာအုပ်ထဲမှာတော့ သေချာထည့်ရေးထားပါတယ်.. ဒါတွေကတော့ စာအုပ်ထဲပါတဲ့ အကြောင်းအရာတွေထဲကတချို့ပေါ့..” လို့ ဆိုကာ ရေးသားပြောပြခဲ့ပါတယ်။

ဥက္ကာမင်းမောင်ဟာ လက်ရှိမှာတော့ သူ့အပေါ်ကို နားလည်မှုတွေအပြည့်နဲ့ ချစ်ပေးတဲ့ ချစ်သူတစ်ဦးရရှိနေပြီဖြစ်ပြီး ချစ်သူနဲ့အတူ အမေရိကားမှာ အခြေချနေထိုင်နေတာလဲဖြစ်ပါတယ်။ ဥက္ကာမင်းမောင်ကိုချစ်တဲ့ ပရိသတ်တွေအတွက် သူ့ရဲ့အကြောင်း အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Snow(mcc)

(Visited 78130 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ