Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရိုးရှင်းတဲ့ မွေးနေ့ Surprise လုပ်ပေးတဲ့ မိန်းမကို ကျေးဇူးတင်ပါတယ် ဆိုတဲ့ ဇဏ်ခီ

သြဂုတ်လ(၂၅)ရက်နေ့က ကြရောက်တဲ့ သရုပ်ဆောင် ဇဏ်ခီရဲ့ (၃၈)နှစ်ပြည့် မွေးနေ့မှာ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ်စတီးနားခီရဲ့ surprise ကို ရရှိခဲ့ပါတယ်။ သူက ဇနီးဖြစ်သူ ပင်ပန်းမှာဆိုးလို့ ဘာမှမလုပ်ဖို့တောင်းဆိုထားပေမယ့် ချစ်ရတဲ့ ဇနီးလေးကတော့ သူကြိုက်တဲ့ အရာတွေနဲ့ Surprise လုပ်ပေးခဲ့လို့ အရမ်းပျော်ရွှင်ရသလို ကျေးဇူးလဲ တင်ပါတယ်လို့ ပုံလေးတွေနဲ့ အတူ ရေးသားခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ”မနေ့ကကိတ်မုန့်တွေဒီနေ့မှ စစားဖြစ်တယ်.. စားလို့ကောင်းလိုက်တာ.. ဘုရားအတွက်ပန်းစေတီထိုးပေးထားတာလဲတကယ်ကြည်နူးဖို့ကောင်းတယ်..ရွှေတိဂုံမှာလဲ မိုးတွေသဲနေတဲ့ကြားထဲအရောက်သွားပြီး အလှူအတန်းတွေလုပ်ပေးကြ ပဋ္ဌါန်းတွေရွတ်ကြတဲ့အတွက် မေတ္တာဓါတ်တွေအပြည့်အဝခံစားရတယ်..ပိစိမနေ့က surprise အစီအစဉ်ရဲ့ လွဲချော်မှုတွေကို ဖောက်သည်ချနေတာလဲ ချစ်ဖို့ကောင်းနေပြန်ရော..?”

” ပင်ပန်းမှာဆိုးလို့ ဘာမှမလုပ်ဖို့တောင်းဆိုထားတဲ့ကြားထဲက ကျနော့်ကိုပျော်အောင်လုပ်ပေးကြတဲ့အတွက် ရင်ထဲကကျေးဇူးတွေအဖန်ဖန်တင်မိပါတယ်နော်.. အားလုံး ကျေးဇူးပါ ❤️❤️❤️ ” လို့ ဆိုကာ အမှတ်တရ ပုံလေးတွေနဲ့ အတူရေးသားခဲ့ပါတယ်။

ဇဏ်ခီ့ကိုချစ်တဲ့ ပရိသတ်တွေအတွက် ဒီအကြောင်းအရာလေးကို ရေးသားဖော်ပြပေးလိုက်ပါတယ်နော်။ ချစ်စရာကောင်းတဲ့ ဇနီးမောင်နှံရဲ့ပုံရိပ်တွေကို မျှဝေပေးသွားပါအုံး။

Source – Zenn Kyi’sfb

(Visited 416 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ