Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရယ်စရာတွေနဲ့ အစပြုပြီး မျက်ရည်တွေနဲ့ ဇာတ်သိမ်းရမယ့် ချိုးရုပ်

ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီးဟာ မြင့်မြတ်နဲ့ ခင်လှိုင်တို့ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လာနိုင်ပါတယ်။ ဒီဇာတ်ကားကို ဟာသလူရွှင်တော် သရုပ်ဆောင် ခင်လှိုင်ကိုယ်တိုင်က ဒါရိုက်တာအဖြစ်ရိုက်ကူးပုံဖော်ထားပြီး ၅၂၈ မေတ္တာကို အခြေခံကာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလဲ ဖြစ်ပါတယ်။ ကျေးလက္်ဒေသရဲ့ နေထိုင်မှုတွေကို အခြေတည်ကာ ရိုက်ကွင်းရိုက်ကွက်တွေကို အသုံးပြုထားတာမို့ တစ်ကယ့်ကို ကြည်နူးစရာေ ကာင်းမယ့်ဇာတ်ကားမျိုးပါ။ ဒီကားက သံယောဇဉ်တွေမေတ္တာတွေနဲ့ အဆုံးသတ်တဲ့ ဇာတ်ကားဖြစ်လို့ ပရိသတ်တွေက ရသစုံခံစားရမယ်လို့ ထင်ပါတယ်။

အဓိကကျတဲ့ ဇာတ်ရုပ်ကတော့ ဖိုးရှုပ်လေးပါဘဲ၊ ဖိုးရှုပ်နေရာမှာ မြင့်မြတ်က ပါဝင်သရုပ်ဆောင်ထားပြီး မြင့်မြတ်ရဲ့ ထုံးစံအတိုင်း ရယ်ပြီးရင် ငိုအောင်လုပ်တတ်သူမို့ ဒီဇာတ်ကားကလဲ အဲ့လိုရသမျိုး ကိုပေးပါလိမ့်မယ်။ မြင့်မြတ်ရဲ့ ငဒူ ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ငဒူက တစ္ကားလုံးရယ်နေရပြီး နောက်ဆုံး သူ ချစ်တဲ့ ကလေးတွေကို ကယ်ရင်းသေခဲ့ရတဲ့ ဇာတ်လမ်းတုန်းကလဲ ပရိသတ်တွေ ရင်ထဲကိုထိခဲ့ကြတယ်လေ။

ခု ဖိုးရှုပ်ရဲ့ ဇာတ်ရုပ်ကတော့ ပရိသတ်တွေကို ရင်ထဲရောက်တဲ့ ရသမျိုးတွေပေးနိုင်မယ်လို့ ထင်ပါတယ် ။ အစပိုင်းမှာ ရွာထဲက လူတွေကို သူငယ်ချင်းတွေနဲ့ ပေါင်းပြီး စနောက်ကြတဲ့ အခါ ရယ်စရာတွေနဲ့ အစပြုခဲ့ တာဖြစ်ပြီး ၊ နောက်ပိုင်း သနားစရာကောင်းတဲ့ ဖိုးရှုပ်လေးရဲ့ အဖြစ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်

ဒီဇာတ်ကားကမေတ္တာဖွဲ့ လို့ ဆိုရာမှာ သမီးရည်းစားအချစ်ကို အခြေခံထားတာအဟုတ်ဘဲ၊ မိသားစုနဲ့ သားသမီးရဲ့ အချစ်၊ ညီအစ်ကို နှစ်ယောက်ရဲ့ အချစ်တွေကို အခြေခံထားပြီး ရိုက်ကူးထားတာလဲ ဖြစ်ပါတယ်။ ဒီကားလေးမှာ ပရိသတ်ရင်ထဲကို ထိစေမယ့် သီချင်းလေးတစ်ပုဒ် ကို အမြည်းလေး ပေးချင်ပါတယ်။ အဲ့ဒါလေးကတော့ 🎶ဖိုးရှုပ်လေးရယ် အိပ်ပါကွယ် ကို ပုခက်လွှဲ ပေးမယ် မျက်လုံးလေးတွေမှိတ်ကွယ် လိမ်မာတယ် ညီလေး ရယ် 🎶 ဆိုတာပါဘဲ။

ချစ်တဲ့ ပရိသတ်တွေ အတွက် ဦးခင်လှိုင်ဖန်တီးရိုက်ကူးထားပြီးသူကိုယ်တိုင်လဲ ပါဝင်ထားသလို ညီနန္ဒ ၊ မြင့်မြတ်၊ တိုင်ရွန် ၊ ဂျိုကာ၊ ဂွမ်းပုံ နဲ့ အိချောပိုတို့ကတော့ အဓိပါဝင်ရိုက်ကူးထားကြတာဖြစ်လို့ ပရိသတ်အကြိုက် တွေ့စေမယ်လို့ ထင်မိပါတယ်။ ဒီကားလေးကို နမူနာ ဗီဒီယို ထွက်ရှိပြီးတည်းက ပရိသတ်တွေ အရမ်းကိုသဘောကြနေခဲ့ကြတာဖြစ်ပြီး အများစုရဲ့ အမြင်ကတော့ ဟာသကားလို့ ထင်ကြမှာပါ။ တကယ်တော့ ဒီကားလေးက ရသမျိုစုံကို ပေးစွမ်းတဲ့ ဒရမ်မာ ကားအမျိုးအစားလေးလဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီးက အောက်တိုဘာလ(၁၇)ရက်နေ့မှာ ရုံတင်ပြသတော့ မှာ ဖြစ်လို့ ချစ်တဲ့ ပရိသတ်ကြီးက ကြည့်ရှု့အားပေးတဲ့အခါ တစ်ရှုးလေးတော့ ဆောင်သွား ဖို့ မမေ့နဲ့နော်။

Snow(mcc)
Photo Credit: ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီး

(Visited 1470 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ