Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရန်ကုန်တက္ကသိုလ်ရဲ့ ရာပြည့်ပွဲမှာ ဖျော်ဖြေခွင့်ရလို့ ပျော်နေတဲ့ ပိုင်ဖြိုးသု

ပရိသတ်တွေရဲ့အချစ်တော်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုဟာ အနုပညာအလုပ်တွေကိုအကောင်းဆုံးလုပ်ဆောင်နေရင်း ယခုအခါမှာလဲ အနုပညာနဲ့ပတ်သက်တဲ့ အလုပ်တွေထဲက တစ်ခုဖြစ်တဲ့ပြဇာတ်ကခြင်းကို ရန်ကုန်တက္ကသိုလ်ရဲ့ ရာပြည့်ပွဲမှာ ကပြခဲ့ပါတယ်။ အဲ့လိုပါဝင်ခဲ့ရလို့ သူမအရမ်းပျော်နေတယ် ဆိုတဲ့အကြောင်းကိုပြောပြလာပါတယ်။

သူမပြောပြလာတာကတော့ ” ငယ်ငယ်တုန်းက ရန်ကုန်တက္ကသိုလ်ဝန်းကြီးမှာ ဂျပလွတ်တွတ်ပြေးလွှားဆော့ကစားခဲ့တဲ့ သုသုတစ်ယောက် ရန်ကုန်တက္ကသိုလ်ရာပြည့်ရန်ပုံငွေကံ့ကော်တစ်ရာ အနုပညာပွဲတော်မှာ အနုပညာ ညီအစ်ကိုမောင်နှမတွေအများကြီးနဲ့ “

“သမုဒယလေးအဖြစ် ပါဝင်ဖျော်ဖြေခွင့်ရလို့ ပျော်မဆုံးဖြစ်ရတဲ့အပြင် ရန်ကုန်တက္ကသိုလ်မှာ တစ်ချိန်က ဌာနမှူးနဲ့ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သုသုရဲ့ အဖိုးနဲ့ အဖွားကလည်း လာပြီးအားပေးခဲ့တဲ့အတွက် ပျော်စရာကြီးနဲ့ အမှတ်တရ ညလေးတစ်ညပါ….” လို့ဆိုကာ သူမရဲ့ဖေ့ဘုတ်မှာရေးသားခဲ့ပါတယ်။

ပိုင်ဖြိုးသုကို စိုင်းစိုင်းကိုချစ်တယ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်တွေ စတင်သိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဗိုလ်အောင်တင်နဲ့ သူ၏ချစ်သူများ ရုပ်ရှင်ဇာတ်ကားမှာ မမြဝင်း အဖြစ် ပရိသတ်တွေ ချစ်ခဲ့ကြပြီး သရဲမ၊ ဘီလူးမ နဲ့ မိန်းမပျို ရုပ်ရှင်ဇာတ်ကားကြီးနဲ့ကတော့ အကယ်ဒမီ ထူးချွန်ဆုကို ရရှိခဲ့ပါတယ်။ ပြည်တွင်းသာမက ပြည်ပနိုင်ငံတွေကပါသိခဲ့ကြတဲ့ မီကတော့ သူမရဲ့အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။

Snow(mcc)
Source – paing phyo thu’sfb

(Visited 1543 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ