Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရတဲ့ငွေနဲ့ ဖျော်ဖြေရတာ မတန်ဘူးလို့ ပြောလာတဲ့ ဆုပန်ထွာရဲ့ ခင်ပွန်း

ယခုနှစ် သြင်္ကန်မှာ သာမက သြင်္ကန်အချိန်အခါတွေမှာဆိုရင် အနုပညာရှင်တွေကို သီချင်းတွေနဲ့ သီဆိုဖျော်ဖြေဖို့ အတွက် ပွဲငှားကြလေ့ရှိပြီး အလန်းဆန်းဆုံးနဲ့ အတက်ကြွဆုံးဖြစ်အောင် အနုပညာရှင်တွေဘက်က သီဆိုဖျော်ဖြေကြလေ့ရှိပါတယ်။ အဲ့ဒီလိုဖျော်ဖြေတဲ့နေရာမှာ အဆင်မပြေမှုတွေရှိခဲ့တဲ့အကြောင်းကို ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူက ခုလိုဘဲ ပြောပြလာပါတယ်။

သူပြောပြခဲ့တာကတော့ “ ရတဲ့ငွေနဲ့ ဖျော်ဖြေရတာနဲ့တန်ရဲ့လား မိန်းမရေ?! နောက်တခါ အကူအညီ တောင်းလို့ကတော့ “Sorry ပါနော် ကိုကို” ပါပဲ ? ပထမ “ရန်ကုန်မှာ” ဆိုရမယ်ပြောတယ် …စေတနာ အပြည့်နဲ့…အဲ့တော့ Dancer တွေငှား (စရံငွေတွေပေး) ဆံပင်လေးတွေတောင်ကျစ်စံမှီးကျစ် အဝတ်အစားတွေ စီစဉ် စသည်ဖြင့်ပေါ့လေ…သူ့ခမျာပွဲစည်ဖို့ ရမည့် အနုပညာကြေးနဲ့ တန်အောင်လည်းဖျော်ဖြေချင်သေးတာ…နောက် တောင်ငူပြောတယ်။ အဲဒီမှာ Dancer တွေက တောင်ငူဆိုမလိုက်တော့ဘူး။ ဈေးပြောင်းသွားတယ်”

“ Dancer တွေလည်းငှားပြီးတော့ ရန်ကုန်မဟုတ်တော့ဘူးဆိုတော့ ကွိုင်တွေတက်…နောက်ဆုံး သာယာဝတီ ပြောင်း ပြောပြန်ရော…သာယာဝတီကို Dancer ကလေးတွေလိုက်ဖြစ်အောင် အဆင်ပြေအောင်လုပ် ပေးရသေး တယ်။ ငွေရေးကြေးရေး အကြောင်းစပြောတော့မယ်…ပွဲလည်းပြီးရော… သိန်း၄၀တဲ့ ဟားဟား သြင်္ကန်တွင်းမှာ ဖျော်ဖြေရတဲ့ အနုပညာရှင်တွေ အားလုံးသိကြပါတယ်။ ဒါသက်သက်စော်ကားတာ… မယူနဲ့တော့မိန်းမရေ.. ပြန်လာခဲ့တော့လို့ ပြောပြီးပြန်လာခိုင်းလိုက်တယ်။ ညဖက် အချိန်မတော် ပိုက်ဆံမရတဲ့ ပွဲတွေကူဆို ပေးပါဆို လည်း…ချက်ချင်းပြင်ဆင်၊ ကလေးကိုထားခဲ့ပြီး ကိုယ်တိုင် မောင်းပို့ခဲ့ရတာတွေလည်းမနည်း အလှူပွဲမို့လို့မေတ္တာ နဲ့ဆိုပေးပါ ဆိုလည်း တပြားမှမရလည်း မိန်းမက သူဖျော်ဖြေနေရရင်ပြီးရော… နယ်တွေဆိုလည်း သူ့ခမျာ သွားဆိုပေးရရှာတယ်”

“ သူတို့ပေးတဲ့ စောက်စုတ်ပလုတ် သိန်း၄၀လောက်လေးကို မယူနဲ့တော့ မိန်းမရေ… ပရိတ်သတ်တွေကို ဖျော်ဖြေပေးရတာအမြတ်ပဲ၊ ပရိတ် သတ်တိုးတယ်၊ ပြန်သာလာခဲ့တော့ဆိုပြီး ညတွင်းချင်း ပြန်ခေါ်လိုက်တယ်။ အနုပညာအသိုင်းဝိုင်းထဲက အဆက်အသွယ်ရှိတဲ့လူတွေကို မသိလို့ မေးဦးမယ်… ခိုခိုကပြောလိုက်သေးတယ်… သူကစေတနာနဲ့လုပ်ပေး တာဆိုပေမည့် ခိုခို့ကို ရတဲ့ ပိုက်ဆံထဲက10%ပေးရမယ်လို့ အနုပညာသမား တိုင်း ကိုကြိုပြောထားတာလည်း ခိုခိုကြီးပဲမို့လား… နောက်တခုက သြင်္ကန်ရက်နီးလာရင် ဘယ်အနုပညာသမားမဆို ပွဲချိတ်ပေးဖို့ တစ်ယောက်နဲ့ တစ်ယောက် Phone တွေဆက်ပြောကြတာလည်း ထုံးစံပဲမဟုတ်လား?!”

“ သူကပြောလိုက်သေးတယ် ဒဲ့မကစ်ချင်သေးလို့တို့ မလွှတ်ချင်သေးလို့တို့…ဟာဟ? နောက်သိန်း ၂၀ထပ်တိုးပေး တယ်။ Total သိန်း၆၀ ယူလိုက်ပါတယ်။ ကျွန်တော့မိန်းမ သြင်္ကန်ပွဲတိုင်း တခါမှ ၁၀၀အောက်မကျခဲ့ဖူးတာ ဒီနှစ် တော့ အမှတ်တရပဲ။ Okay… နောက် ကျွန်တော့မိန်းမကို ပိုက်ဆံရရမရရ ဘယ်ပွဲမှမခေါ်ပါနဲ့တော့ အကို ခု ခင်ဗျား လွှတ်ချင်လွှတ်တာ့… ကျွန်တော်တော့လွှတ်ပြီးပြီ Let’s go… အမ်မယ်” ဆိုကာ ပွဲငှားသူတွေကို အပြတ်ချဲနေ ပါတော့တယ်။
Snowpiki(MCC)

(Visited 10102 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ