Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရည်းစားဟောင်းရဲ့ အကြမ်းဖက် ခံခဲ့ရတယ် ဆိုတဲ့ သံစဥ်မောင်

ပရိသတ်တွေကြားမှာ အရမ်းကို ဟော့ဖြစ်နေတဲ့ သရုပ်ဆောင်မော်ဒယ် သံစဥ်မောင်ဟာ ရည်းစားဟောင်းဖြစ်သူရဲ့ အကြမ်းဖက်မှုကို ခံခဲ့ရဖူးကြောင်းကို ဖွင့်ဟပြောပြလာခဲ့ပါတယ်။ သူမဟာ လက်ရှိမှာတော့ အဆိုပါချစ်သူနဲ့လမ်းခွဲလိုက်ပြီဖြစ်ပြီး သူမရဲ့ ချစ်သူက မင်းသားတစ်လက်ဖြစ်တယ်ဆိုတဲ့ သတင်းတွေလဲထွက်ရှိနေပါတယ်။

သူမ​က ” ငပြူးကလာပြဲနေတယ် ရွံလိုက်တာ မတန်လို့ ဖက်မဖြစ်တာဟေး ငါ့ကို EX ဆိုပြီး လာလာမပြောနဲ့ ရွံတယ် ဘဝမှာနင်နဲ့သွားပတ်သတ်မိတာ ခွေးရူးကိုက်တာထက်ဆိုးတယ် နင်ငါ့ကိုတရားမဆွဲခင် နင်အရင်ဝင်နေရမယ် သတိလည်းထား ပြသနာတစ်ခုဖြစ်တိုင်းကိုယ်လည်းမမှန်ပဲလူတိုင်းကို တရားစွဲတာနဲ့ကိုင်ပေါက်မနေနဲ့ ငါ့ကိုစိန်လာခေါ်လို့ကတော့ ငါကလည်းတဆုံးတက်မှာ မပူနဲ့ နင်သက်သေစုံတာထက် ငါမှာပိုပြည့်စုံတာ နင်သဘောပေါက်လိုက် 😊”လို့ဆိုကာ ပထမပို့စ်တစ်ခုရေးသားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ “အရှက်မရှိမပြတ်သားနိုင်လို့ instagram မှာမျိုးစုံတင် Fb မှာတင်နေခဲ့တောင် မသိချင်ယောင်ဆောင်နေခဲ့တာ နင်တင်တာအားလုံး ငါမှာ SS တွေရှိတယ်နော် အေး တွဲနေတုန်းက နင်လူစိတ်မရှိပဲ အမြဲလက်ပါရိုက်နှက်ပြီး ငါမျက်နှာကို လူကြားထဲမထွက်နိုင်အောင်ရိုက်ထားတဲ့ပုံတွေအားလုံး ငါထုပ်ပြမှာ နင်လိုက်ပတ်သတ်ချင်နေတာလေ နင်ငါ့ကိုမပြတ်သားနိုင်လို့ ဟိုလူကိုစကားလာပြောခိုင်း ဒီလူ့ကိုစကားလာပြောခိုင်းနဲ့ ငါမှာသက်သေတွေအကုန်ရှိတယ်နော် “

” နင့်စိတ်ဓာတ်ဘယ်လိုလဲဆိုတာ သိတဲ့သူတွေအကုန်သိတယ် အခုနင့်လုပ်ရပ်တွေက ဆိုးသည်ထက်ဆိုးလာလို့ အကြောင်းသိသူတွေက သက်သေလိုရင်အချိန်မရွေးခေါ်ဖို့ ပြောထားကြပြီးသား လူတကာကို သံစဉ်မောင် မကောင်းဘူးလိုက်ပြောနေတာ ဘယ်သူနဲ့တွဲတွဲ တွဲသမျှမိန်းကလေးတိုင်းကို ငါမကောင်းကြောင်းလိုက်ပြောနေတာ ငါမှာအသံဖိုင်တွေနဲ့ တရားရုံးမှာ ရှင်းမှာ နင်သမိုင်းကြောင်းနဲ့ နင်လုပ်ရပ်က အရမ်းဖြူစင်နေတယ်ပေါ့ “

“ငါ့ကိုနင်$ရှက်လိုက်ခွဲနေတာ စကားရှုတ်ထားတာ သက်သေအချက်အလက်အားလုံးနဲ့ ငါရှင်းတော့မှာ ငါ့မိသားစု ငါ့အမနာမည်ဘေဘီမောင်ဆိုတာပါထည့်ပြီး နင်စော်ကားထားတာ ဒီတစ်ခါ ငါအထောက်အထားအားလုံးနဲ့ အဆုံးထိတက်မှာ လာစိန်မခေါ်နဲ့ ပါးရိုက်ရင်နားကိုက်တက်တယ် ငါနာမည်ပျက်မှာဆိုးလို့သည်းခံတာ ဆက်သည်းခံနေရင်နင်ကခွေးရူးတစ်ကောင်လိုလိုက်ကိုက်နေဦးမှာဆိုတော့ အဆုံးထိသွားကြတာပေါ့ တကယ်မိန်းမလိုမိန်းမရ အောက်တန်းစားကောင်နဲ့ပတ်သတ်မိတာ ဘဝရဲ့အကြီးမာဆုံးနောင်တပဲ”လို့ ဆိုကာ အသေးစိတ်ကို ရင်ဖွင့်လာပြီး

သူမကို ကိုယ်ထိလက်ရောက်ပြောဆိုခဲ့တဲ့ အကြောင်းကိုလဲ ကွန်မန့်တွေမှာ ပုံနဲ့တကွ ​ပြောပြထားပါတယ်။ အဲ့ဒါကတော့ ” အမြဲလက်ပါရိုက်နှက်ခဲ့တာ ဒီထက်ဆိုးတဲ့ပုံတွေကိုတော့ ညီမထပ်မပြတော့ဘူး ဆိုင်ရာပိုင်ရာကပဲစကားပြောတော့မယ် ညီမမှငြိမ်ခံနေရင် အဲ့ဒီမိမဆုံးမသားက တရားလွန်လာတယ်” လို့ဆိုကာ ​ပြောပြလာပါတယ်။

သူမကတော့တရားဥပဒေအရ လုပ်ဆောင်သွားမယ်လို့ ဆိုပြီး ပြောပြခဲ့ကာ သူမအတွက် အားလုံးက စိတ်ခွန်အားဖြစ်စေမယ့် စကားတွေ ပြောပြခဲ့ကြပါအုံးနော်။ အားလုံးကို ကျေးဇူးတင်ပါတယ် ။

Snow(mcc)
Source – Than Sin Mg’sfb

(Visited 6322 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ