Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရက်ပေါင်း ၆၀ အတွင်း ပြောင်းလဲသွားတဲ့ body ကို ချပြလာတဲ့ ညီထွဋ်ခေါင်

ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် ညီထွဋ်ခေါင်ဟာ သူ့ရဲ့ လိုအပ်နေတဲ့ ခန္ဓာကိုယ်အချိုးအစားကို ရှိအောင် ရက်ပေါင်း ၆၀သာ ကြိုးစားခဲ့ရတယ်ဆိုတဲ့ အကြောင်းကိုပြောပြလာပါတယ်။ သူက အရပ်အမောင်း ကောင်းပြီး ယောကျာၤးပီသကာ အားကိုးချင်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိတဲ့ body ကြီးကို ဘယ်လိုနည်းနဲ့ပိုင်ဆိုင်သွားလဲဆိုတာ ဆက်ပြီးဖတ်ကြည့်လိုက်ကြရအောင်နော်။

သူက “တစ်ခါတုန်းက One Day လို့တွေးခဲ့ဖူးတယ်…အခုတော့ Today ပေါ့..ရက် ၆၀ body transform Challenge ဒီလိုပြောင်းလဲလာအောင် Star Fitness Club မှာ Challenge လုပ်ဖို့ အတွက် တိုင်ပင်ဖြစ်ခဲ့ပါတယ်.. ရက်ပေါင်း ၆၀ လောက် စိတ်ရော လူရော အများကြီးပြင်ဆင်ခဲ့ရပါတယ်…”

“Nutrition plan,Workout plan,Supplement plan တွေ စနစ်တကျ လုပ်ပေးတဲ့ ဆရာ Nick နေ့စဉ် အနီးကပ် လေ့ကျင့်ပေးတဲ့ ထူးအောင် , Transformation ဖြစ်အောင် ကစားဖို့ တိုက်တွန်းခဲ့တဲ့ တိုင်ရွန် Star Finess Club မှ သဘောကောင်းတဲ့Trainer များ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်ဗျ … 🤗 ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်” လို့ ဆိုကာ ပုံတွေနဲ့အတူ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ တွေ့မြင်ရပါတယ်။

ညီထွဋ်ခေါင်ရဲ့ အနုပညာလှုပ်ရှားမှုအပိုင်းကတော့ ဇာတ်လမ်းတွဲတွေများစွာ ရိုက်ကူးလာတာကိုတွေ့မြင်ရပြီး သူပါဝင်ရိုက်ကူးထားတဲ့ရုပ်ရှင်ကားကြီးတွေလဲ များစွာရှိပါတယ်။ သူ့ကို ချစ်တဲ့ပရိသတ်တွေရော ဝိတ်ချခြင်တဲ့ပရိသတ်တွေရော တစ်ကယ်သာ လုပ်ချင်စိတ်ရှိရင် ရက်ပေါင်း ၆၀ ဘဲလိုပါတယ်နော်။

Snow(mcc)
Source – nyi htut khaung’sfb

(Visited 1507 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ