Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ယောကျော်းရဲ့အတွေးကို ထုတ်ဖော်ပြောပြလာတဲ့ ပိုင်ဖြိုးသု

ပရိသတ်တွေရဲ့ အချစ်ကို တစ်ခဲနက် ရရှိထားတဲ့ မီ မောင်နှံလို့ ပြောကြတဲ့ ပိုင်ဖြိုးသု နဲ့ ဒါရိုက်တာ ဏကြီး တို့ ဇနီးမောင်နှံဟာ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေအကြောင်းအရာတွေကို သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ဖော်ပြ​လေ့ရှိပါတယ်။ ယခုအခါမှာလဲ ပိုင်ဖြိုးသုက သူ့ ခင်ပွန်းရဲ့ အကြည့်နဲ့ အတွေးကို ပြောပြလာခဲ့ပါတယ်။

သူ​မ ပြောပြခဲ့တာကတော့ “ခုလောလောဆယ်တော့လူလူသူသူပရိတ်သတ်ကိုလှည့်ရယ်ပြနေတယ်…ခဏနေရင်တော့ ဒီအမွှေစိန်ငါ့ဘက်လှည့်ပြီးဘာများမွှေဦးမယ်မသိဘူး”ဟုတွေးကာ မျက်ခြည်မပြတ်စောင့်ကြည့်နေသူဦးရေခဲ…” လို့ ဆိုပြီး ပုံလေးတစ်ပုံနဲ့အတူ ရေးသားခဲ့ပါတယ်။

သူတို့ဇနီးမောင်နှံ ကို ပရိသတ်တွေက ချစ်ခင်ကြပြီး မီ မောင်နှံအဖြစ် ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ခဲ့ကြကာ သူတို့ရဲ့ မီ ရုပ်ရှင်ဇာတ်ကားကြီးကလဲ အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ပိုင်ဖြိုးသု က ပြည်ပမှာ သရုပ်ဆောင် ပညာကိုသင်ယူခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူမရိုက်ကူးထားခဲ့တဲ့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဆိုပါဇာတ်ကားဟာ အတော်လေးက်ိုအောင်မြင်ခဲ့ပါတယ်။ မကြာခင်မှာ လဲ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

Snow (mcc)

(Visited 1153 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ