Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ယောကျာ်းဖြစ်သူရဲ့ KTV ကဗီဒီယိုကိစ္စကို ဖြေရှင်းလိုက်တဲ့ သဉ္ဇာနွယ်ဝင်း

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာ အလုပ်တွေ မလုပ်တော့ပေမယ့် သူမကိုချစ်တဲ့ ပရိသတ်တွေ နဲ့ကတော့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ အဆက်အသွယ်မပြတ်ကြပါဘူး။ သူမဟာ ယခုရက်ပိုင်းအတွင်း ယောကျာ်းဖြစ်သူရဲ့ ချစ်တက်ပုံတွေကို ပြောပြလာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူ့ယောကျာ်းရဲ့ KTV မှာပျော်နေပါတယ်ဆိုတဲ့ ဗီဒီယို ထွက်ရှိလာခဲ့ပြီး ဝေဖန်သူတွေကို ထိထိမိမိ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ အဲ့ဒါကတော့ ” စီးပွားရေးသမားတိုင်းမှာသူငယ်ချင်းအပေါင်းအသင်းဆိုတာရှိတယ်။ ktv သွားတာမကြိုက်လို့ ဆိုင်ပေါ်မှာကိုယ်တိုင်သူငယ်ချင်းတွေကိုဧည့်ခံခွင့်ပြုထားတာ။ အဲ့ဒါကိုမှ ကိုယ့်ယောကျာ်းကိုပဲ ကွက်ရိုက်ထားတာတော့မတတ်နိုင်ဘူး” လို့ ဆိုကာ ယောကျာ်းဖြစ်သူအတွက် အပြည့်အဝအကာအကွယ်ပေးခဲ့တာပါ။

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း နှင့် မောင်လှမျိုးမြင့်(Hot Pot city) တို့ ဟာ စုလျားရစ်ပတ် ထိမ်းမြားလက်ထပ် မင်္ဂလာပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့ က ရန်ကုန်၊ Melia Hotel မှာ ကျင်းပခဲ့ပါတယ်။ သူတို့ဟာ အိမ်ထောင်သက်တမ်း ၃နှစ်ကျော်ပြီဖြစ်ပြီး လက်ရှိမှာတော့ သားတစ်ယောက်၊ သမီးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုကို ပိုင်ဆိုင်ထားတာဘဲ ဖြစ်ပါတယ်။

Snow(mcc)
Source – thin zar nwe win’sfb

(Visited 45928 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ