Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ယောကျာ်းဖြစ်သူကို အချိန်မှီလေး အသက်အန္တရာယ်ကနေ ကယ်လိုက်နိုင်တဲ့ အဆိုတော်ငယ်ငယ်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အချိန်အတော်ကြာရရှိခဲ့ဖူးတဲ့ အဆိုတော် ငယ်ငယ်ဟာ လက်ရှိမှာတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုလေးနဲ့ အတူ ဘဝကိုပြည့်စုံစွာဖြတ်သန်းနေပါတယ်။ သူက ယနေ့မှာသူချစ်တဲ့ ပရိသတ်တွေအတွက် အသက်အန္တရာယ်နဲ့ ကင်းဝေးစေဖို့ အဲယားကွန်းရဲ့ ပြဿနာတစ်ခုကို ကိုယ်တွေ့ဖြစ်ရပ်တစ်ခုအနေနဲ့ ပြောပြလာခဲ့ပါတယ်။

သူမပြောပြခဲ့တာကတော့ ” ညနေ ၄နာရီ လောက်က ပါ။ မနက်ပိုင်းဆို ကိုယ်က ကလေးအခန်းထဲပဲ နေတာများပါတယ်။ ကိုဘိုကြီးက Master bedroom ထဲ အိပ်နေပါတယ် ။ ပုံမှန်ဆို မနက်စောစော အိပ်ပြီး နေ့လည်နိုးတယ် ။ ဒီနေ့အလုပ်များလို့ သူ နေ့လည်မှ အိပ်သွားတာ။ ရှိစေတော့။ ကလေးခန်းက ထွက်ပြီး ကိုယ်တွေ အခန်းထဲဝင်တော့ အနံ့တခုရတယ် “

” ခြင်ဆေးဘူး ကုန်ခါနီးကို ဖြန်းထားတဲ့ အနံ့မျိူး။ ခြင်ဆေးဘူးကို နမ်းကြည့်တော့လဲ အနံ့မရဘူး။ ဘေးအိမ်က လာတာဖြစ်မယ် ဆိုပြီး ရေချိုးခန်းထဲ ဝင်တော့ အနံ့မရတော့ဘူး။ ဒါဆို ဘေးအိမ်က မဟုတ်သေးဘူး ။ သေချာ ပြန်ရှာတော့ air con က ။ ကိုဘိုကြီးကမြန်မြန် နှိူပြီး ac ပိတ်လိုက်တော့ ရှူး ဆို အသံကြီးနဲ့ အငွေ့တွေ ထွက်လာတယ် ။ ac gas ပေါက်သွားတာ။ တနာရီကျော်လောက် gas က ဆက်ထွက်နေတယ် ။ အိပ်နေရင်း သာ ရှူမိရင် မလွယ်ဘူး ။ ကိုယ်ရောက်တာ မြန်လို့ “

“အားလုံး သတိထားရအောင်ပါ သူငယ်ချင်းကို ph ဆက်ပြောတော့ သူ့သူငယ်ချင်း တစ်ယောက် အဲ့လို ac gas ပေါက်တာ ကို ရှူမိလို့ ဆုံးသွားတယ်လို့ ပြောပါတယ် ။ အားလုံး ဂရုစိုက်ကြပါ နော် ” လို့ ဆိုကာ အရမ်းအန္တရယ်များတဲ့ အဲ့ယားကွန်းရဲ့ ပြဿနာတစ်ခုကို ပြောပြလာခဲ့ပါတယ်။

ယခုလို ပူအိုက်နေတဲ့ ရာသီဥတုမှာ အဲ့ယားကွန်းရှိတဲ့ အိမ်တိုင်းလိုလို အဲ့ယားကွန်းဖွင့်ကြမှာပါ ။ သို့ပေမယ့် အဲ့ယားကွန်းကြောင်ဖြစ်တက်တဲ့ အသက်အန္တရာယ်ရှိတဲ့ အချက်တွေကိုလဲ သတိထားဖို့လိုပါတယ် ။ အထူးသဖြင့် ယခုလို အဲယားကွန်း ဂက်စ်ပိုက်လိုင်းပေါက်တဲ့ ပြဿနာမျိုးကတော့ အထူးသတိထားသင့်တဲ့ ပြဿနာမျိုးပါ။ အားလုံးသောပရိသတ်တွေ အန္တရာယ် ကင်း ကြပါစေနော်။

Snow(mcc)

(Visited 28379 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ