ယောကျာ်းဖြစ်သူရဲ့မွေးနေ့ မှာ သဘာဝဆန်ဆန် လက်ဆောင်ပေးလိုက်တဲ့ ချစ်သုဝေ

ပရိသတ်ချစ်တဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ မိဘ တွေဖြစ်တဲ့ အနုပညာရှင်တွေလဲဖြစ်တဲ့ လင်းလင်း နဲ့ချစ်သုဝေတို့ ဇနီးမောင်နှံဟာ ပရိသတ်တွေ သဘောကြလောက်တဲ့ ကိစ္စတစ်ခုကိုလုပ်ဆောင်ခဲ့ပါတယ်။ ဒီနေ့ကတော့ လင်းလင်း ရဲ့မွေးနေ့ဖြစ်ပြီး မိန်းမဖြစ်သူက အများနဲ့မတူတဲ့လက်ဆောင် ပေးခဲ့တာကြောင့် လင်းလင်းတစ်ယောက်ကျေနပ်နေပါတော့တယ်။

ချစ်သုဝေပေးခဲ့တဲ့ လက်ဆောင်လေးကတော့ သူ့ခင်ပွန်းကြိုက်တဲ့ ဟင်းတွေနဲ့ ထမင်းချက်ကျွေးခဲ့တာဘဲဖြစ်ပါတယ်။ ဒီလိုပေးခဲ့တဲ့လက်ဆောင်နဲ့ပတ်သက်ပြီး လင်းလင်းတစ်ယောက်ကတော့ ဘာမှမပြောနိုင်လောက်အောင် မိန်းမရဲ့လက်ရာလေးကို ခေါင်းမဖော်တမ်း စား နေပါတော့တယ်။

ချစ်သုဝေကတော့ သူမပေးတဲ့လက်ဆောင်နဲ့ပတ်သက်ပြီး ” ကိုယ်လည်းဒါပဲပေးနိုင်တယ်😍😘🥰 ချစ်ပါ ဒီထက်ပို ချစ်ပါ နူးညံ့ပါ ပျော့ပျောင်းပါ(ပလာတူးအပြောအရဆို အပိုတွေလုပ်ပါပေါ့အေ)မွေးနေ့ရှင်ပလာတူးအတွက် 2nd postနော်!!လက်ဆောင်တွေကတော့ပေးတာ ၂ခါတောင်ရှိပြီ ဆိုတော့..ဟဲဟဲ🥳😝😜🤩ဒါပဲပြောမယ် ဟဲဟဲ” လို့ဆိုပြီး ပုံတွေနဲ့အတူရေးသားထားခဲ့ပါတယ်။

ဒါ့အပြင် သမီးနှစ်ယောက်နဲ့အတူ ညပိုင်းမှာတော့ မိသားစုမွေးနေ့ပါတီလေးပြုလုပ်ခဲ့ပါတယ်။ သူတို့မိသားစုရဲ့ကြည်နူးပျော်ရွှင်နေတဲ့ဗီဒီယိုလေးကိုပါ ပူးတွဲဖော်ပြလိုက်ပါတယ်နော်။

ငွေကြေးတွေများစွာအကုန်အကျခံတဲ့တန်ဖိုးကြီးပစ္စည်းတွေမဟုတ်ပေမယ့် လင်းလင်းအတွက်ကတော့တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးတန်လက်ဆောင်ပါဘဲနော်။ ချစ်တဲ့ပရိသတ်တွေက လင်းလင်းအတွက် မွေးနေ့ဆုတောင်းရင်း သူတို့ရဲ့ကြည်နူးစရာ surprise လေးကိုမျှဝေပေးသွားပါဦးနော်။

Snow(mcc)
Source – chit thu wai’s fb

(Visited 2082 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ