ယုံကြည်ပေးကြတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ဖြိုးပြည့်စုံ

ပရိသတ်တွေရော အနုပညာရှင်တွေပါမခံမရပ်နိုင်ဖြစ်ခဲ့ရတဲ့ အဆိုတော်ဖြိုးပြည့်စုံ အဖမ်းခံရတဲ့ အမှုကိစ္စဟာ ယနေ့မှာတော့ အားလုံးပြီးဆုံးသွားခဲ့ပါပြီ။ ဖြိုးပြည့်စုံအပါအဝင် ၃ဦး လုံး ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့ပြီလို့သိရပါတယ်။

ဖြိုးပြည့်စုံလွတ်မြောက် ခဲ့တဲ့အကြောင်းကို Jewel က ” ကိုဖြိုးပြည့်စုံ အပါအဝင် ငြိမ်းချမ်းကို ၊ ရော်နီစန်းလွင် (၃) ဦးလုံး ဒီနေ့ခင်းဘဲ မှားယွင်းစွပ်စွဲမှုမှ လွတ်မြောက်ပြီး အိမ်ပြန်ရောက်ခဲ့ကြပါပြီ…..” လို့ ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

ဖြိုးပြည့်စုံကလဲ ” ကျနော် ၊ ရော်နီ နဲ့ ငြိမ်းချမ်းကိုတို့ရဲ့ မှန်ကန်မှုကို ယုံကြည်ပေးတဲ့ အယောက်ချင်းစီ ကို ကျေးဇူးအထူးတင်ပါတယ် မကြာခင်မှာ media conference လေးတခု လုပ်နိုင်ဖို့ ကျနော် စီစဉ်ပါ့မယ်..” လို့ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုတော်ဖြိုးပြည့်စုံဟာ အောက်တိုဘာလ ၇ ရက်နေ့က အဖမ်းခံခဲ့ရပြီး ဖြစ်စဉ် ကတော့ ၇-၁၀-၂၀၁၉ (၁၇) နာရီအချိန် ရန်ကုန် မြောက်ပိုင်းခရိုင် အမှတ် ၁၄၈ မူးယစ်တပ်ဖွဲ့ ဦးစီး ၍ ရဲအရာခံ ဇော်မင်းထွန်း / ရဲဒုတပ်ကြပ် အောင်ကိုချစ်တို့သည်။ ဗဟန်း မြို့မ ရဲစခန်း ဒုရဲအုပ်သက်ဝေ တို့နဲ့အတူ သက်သေ ဆရာစံ ရပ်ကွက် ရာအိမ်မူး ဦးစည်သူအောင် / ဦးဝင်းရွေ/ဦးကျော်ဝင်း / ဗဟန်းမြိုနယ် ဆရာစံရပ်ကွက် Myanmar Plaza ရှိ Glonja Jans Coffee ဆိုင် ရှေ့တွင်စောင့်ဆိုင်းနေစဉ် / ဖြိုးပြည့်စုံ / ရော်နီစန်းလွင်/ ငြိမ်းချမ်းကို ထို(၃) ဦးထဲ မှာ ရောင်နီစန်းလွင် ထံမှ ဆေးပြားဟုယူဆရသည်အမျိူးအစားကို တွေ့ရပြီး

ဆက်လက်မေးမြန်းရာ ဖြိုးပြည့်စုံ လည်းပါဝင်ကြောင်း ထွက်ဆိုသောကြောင့် သိရှိရသဖြင့် မြန်မာပလာဇာ တွင် ရပ်တန့်ထားသော ကားအဖြူရောင်အား ဆက်လက်ရှာဖွေမူများပြုလုပ်ခဲ့ရာ ယာဉ်နောက်ခန်းအတွင်းရှိ ထိုင်ခုံပေါ် တွင်လည်းကောင်း / (S) တံဆိပ်ပါ အဝါရောင် ဆေးပြား / ဖြူဝါ ဆေးပြာများ တစ်ပြားလျှင် 0.၄ / ဂရမ် (၁၀) ပြား /စုစုပေါင်းအလေးချိန် (4) ဂရမ်ပါ (၁)ဗူး တွေ့ရှိ ဖမ်းစည်းရမိကြောင်း ပ /၄၄ (၂၀၁၉)ဖြင့် ဆက်လက်စစ်ဆေးမည် ဖြစ်ပြီး / (အဆိုတော်ဖြိုးပြည့်စုံ အနေဖြင့် ထိုဆေးပြားများသည် မူးယစ်ဆေးဝါးမဟုတ်ကြောင်း ထိုင်းနိုင်ငံ မှ ဝယ်ယူလာသော ဆေးများဖြစ်ကြောင်းထွက်ဆိုထားပါတယ်။

ယနေ့မှာတော့ အားလုံးစိတ် အေးချမ်းသာခဲ့ရပါပြီ။ ဆုတောင်းပေးကြတဲ့အတိုင်းလွတ်မြောက်ခဲ့ပြီမို့ အားလုံးပျော်ရွှင်ကြည်နူးနိုင်ကြပါစေနော်။

Snow(mcc)
Source – jewel’s fb,phyo pyae sone’sfb

(Visited 4629 times, 3 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ