Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ယာဥ်တိုက်မှု သတင်းနဲ့ပတ်သက်ပြီး နောက်ပိုင်း ယာဥ်မောင်းတွေ သတိထားကြဖို့ ပြောပြလာတဲ့ ဂျွန်လွင်

ယနေ့မနက်အစောပိုင်းက အွန်လိုင်းပေါ်မှာပျံ့နှံခဲ့တဲ့သတင်းတစ်ခုကြောင့် ကြည့်ရူ့မိသူများ အရမ်းကို စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ အဆိုပါသတင်းကတော့ ဆင်မလိုက်သဘောင်္ကျင်းမှတ်တိုင် အနီးမှာ YBS 40 ခရီးသည်တင် ယာဥ်နဲ့ လမ်းကြောင်ူမှန်မောင်းနှင်လာတဲ့ taxi ကားတို့ ပြင်းထန်စွာ ဝင်တိုက် မိရာက taxi ပေါ်လိုက်ပါလာတဲ့ ခရီးသည် ၂ဦးနဲ့ taxi ယာဥ်မောင်တို့ သေဆုံးခဲ့ရပါတယ်။

ဒီယာဥ်တိုက်မှုကို နမူယူပြီး သတိထားဆင်ချင်ကြစေဖို့ ” YBS ကားသမားတွေပြိုင်မောင်းရအောင်ပိုက်ဆဲပိုရရင်မင်းတို့အပိုဝင်ငွေရလို့လားအခုတောမင်းတို့အိမ်ကမိသားစုကမင်းတို့အိမ်ပြန်လာမှာကိုစောင့်နေတဲ့ မိသားစုကသနားစရာ နောက်တော့ taxi ပေါ်လူတွေလဲသေ မင်းလဲအခုထောင်ထဲဝင် ကားသမားများ ယာဉ်ကို စနစ်တကျမောင်းရင်မင်းရောမင်းတို့မိသားစုရောပတ်ဝန်းကျင်ရောသာယာကြမှာပါ” လို့ ဆိုကာ ရေးသားဖော်ပြခဲ့ကြပါတယ်။

ပြည်သူတွေကြားမှာလဲ YBS နဲ့ ပတ်သက်တဲ့ ကောင်းသတင်းတွေကြားရသလို ပြိုင်​မောင်းတဲ့ သတင်းတွေ ၊ ယာဥ်တိုက်မှုသတင်းတွေ အချင်းချင်းခိုက်ရန်ဖြစ်ပွားတဲ့ သတင်းတွေကိုလဲ ကြားသိနေရပါတယ်။ လက်ရှိဖြစ်စဥ်မှာတော့ YBS ယာဥ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ကွယ်လွန်ခဲ့သူ ၃ယောက်အတွက်ကိုတော့ လွန်စွာမှ စိတ်မကောင်းဖြစ်ရပါတယ်။

Snow(mcc)

(Visited 2574 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ