Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ယာယီအလုပ်လက်မဲ့ဖြစ်ကုန်တဲ့ သဘင်သည်တွေကို ကူညီတာတွေ့ရလို့ ဝမ်းသာပီတိ ဖြစ်နေတဲ့ ကောင်းကျော်

လတ်တလောမှာ ဖြစ်ပျက်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါဆိုးကြီးနဲ့ ပတ်သတ်ပြီး ကမ္ဘာ့နိုင်ငံအချို့မှာ ကူးစက်ပျံ့ပွားလျက်ရှိသလို တစ်ချို့နိုင်ငံတွေမှာ သေဆုံးသူတွေလဲရှိခဲ့ပါတယ်။ အဆိုပါ ရောဂါဆိုးကြီး မြန်မာနိုင်ငံကို မကူးစပ်နိုင်ဖို့အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေအနေနဲ့ လူစည်ကားတဲ့ ပွဲလမ်းသဘင်တွေ၊ ပျော်ပွဲရွှင်ပွဲတွေမလုပ်ဖို့ ခေတ္တပိတ်ပင်ထားတာကြောင့် သဘင်ပညာနဲ့ အသက်မွေးတဲ့ သူတွေမှာ အခက်အခဲတွေရှိနေပါတယ်။

အဲ့လို ဖြေရှင်းပေးခဲ့သူတွေ ကြောင့် ပီတိဖြစ်ခဲ့ရတယ် လို့ဆိုကာ လူရွှင်တော် ကောင်းကျော် က ” ပီတိဖြစ်မိပါသည် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ခေတ္တယာ ယီ အလုပ်လက်မဲ့ဖြစ်ကုန် ကြသော သဘင်ပညာဖြင့်အသက်မွေးနေကြတဲ့ တည်ထောင်သူနဲ့ လုပ်သား တွေ အကျပ်အတည်းဖြစ်နေတဲ့အချိန်မှာမိမိရဲ့အဖွဲ့သားတွေကို မိမိရဲ့မိသားစုကဲ့ သို့ “

“စာနာတတ် ကိုယ်ချင်းစာတတ်တဲ့ တည်ထောင်သူ တစ်ချို့ရဲ့ မိမိအဖွဲ့ရဲ့ သဘင်လုပ်သား အဖွဲ့သားတွေကို တတ်နိုင်တဲ့ ဆန် ဆီ စားသောက်ကုန် ငွေကြေး လေးတွေကို ပြန်လည်ထောက်ပံ့ ကူညီ မျှဝေနေတဲ့ သတင်းတွေ ကိုမြင်ရတာ ဝမ်းသာပီတိ သာဓု ခေါ်ဆို မိပါသည် ဗျာ (သဘင်မိသားစုများအားလုံး ဖိုက်တင်းပါဗျ )”လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

ခုလို အချင်းချင်းဖေးမကူညီကြတဲ့ သဘင်အဖွဲ့သားတွေက ချီးကျူးစရာကောင်းလှသလို တကယ့်ကိုစည်းလုံးတဲ့ အဖွဲ့အစည်းတစ်ခုလဲ ဖြစ်ပါတယ်။

Snow(mcc)

(Visited 733 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ