Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ယနေ့ဟာ အကယ်ဒမီများ ရှင် ကိုရန်လေးရဲ့ အသက် ၅၃နှစ်ပြည့်မွေးနေ့ပါ

ပရိသတ်ချစ်တဲ့ နိုင်ငံကျော် အနုပညာရှင်ကြီးလဲဖြစ်၊ ဝါရင့် သရုပ်ဆောင်လဲဖြစ်တဲ့ အကယ်ဒမီများရှင် ကိုရန်လေးဟာ ယနေ့အချိန်ထိ ရုပ်ရှင်ကားတွေရိုက်ကူးနေသလို ကြော်ငြာတွေနဲ့ အနုပညာနဲ့ သင်ဆိုင်တဲ့ ပွဲတွေမှာလဲ တွေ့မြင်နေရဆဲပါ။ သူဟာ အသက်၅၀ကျော်ဆိုပေမယ့် နုပျိုမှုတွေကတော့ အံသြရလောက်အောင်ပါဘဲ။

သူဟာ ယနေ့ ဒီဇင်ဘာလ ၁၄ရက်နေ့မှာ အသက် ၅၃ နှစ်ပြည့်ခဲ့တာဖြစ်ပြီး မွေးနေ့ကုသိုလ်အဖြစ် ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းမပေါ်မှာတည်ရှိတဲ့ “နွေးထွေးဂေဟာ မျက်စိဆေးခန်း”မှာ အလှူအတန်းတွေ ပြုလုပ်ခဲ့တယ်။ သူက နွေးထွေးဂေဟာ မျက်စိဆေးခန်းမှာ မျက်လုံးတစ်ဖက်လပ် ထည့်ချင်တဲ့ ပုဂ္ဂိုလ် ၁၀ယောက်အတွက်ကို လှူဒါန်းပေးခဲ့တာလဲဖြစ်ပါတယ်။

အကယ်ဒမီသရုပ်ဆောင် ရန်လေးဟာ အကယ်ဒမီ (၆)ဆုရှင်ဖြစ်ပြီး ၁၉၉၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊၁၉၉၅ ခုနှစ်မှာ ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်မှာ အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်မှာ ညမင်းသား ၊ ၂ဝဝဝ ခုနှစ်မှာ မောဟမျဉ်းပြိုင်များ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂ဝဝ၆ ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ဇာတ်ကားကြီး တွေနဲ့ အကယ်ဒမီထူးချွန်ဆုတွေကို ရရှိခဲ့တာဘဲဖြစ်ပါတယ်။

အားလုံးကိုကျေးဇူးအထူးတင် ရှိပါတယ်။

Snow(mcc)

(Visited 1115 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ