Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ယခုရက်ပိုင်းအတွင်း ကောင်လေးတွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ဝင်းဝါပန်းမြတ်သူ

ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားတဲ့အပြင် သူမရဲ့ခေတ်တစ်ခုလိုဖြစ်ခဲ့တဲ့ အန်တီ ဝါဝါဝင်းရွှေဟာ သူမချစ်တဲ့ အနုပညာအလုပ်တွေက်ို ယနေ့ချိန်ထိ လုပ်ဆောင်နေတုန်းပါဘဲ ။ သူမဟာ အကယ်ဒမီ မင်းသမီးကြီးတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကို ပိုင်ဆိုင်ထားသလို ဒါရိုက်တာအဖြစ်လဲရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးပုံဖော်နေပါတယ်။

အန်တီ ဝါဝါဝင်းရွှေဟာ သူမရဲ့ချစ်လှစွာသောမြေးမလေးနှစ်ယောက်ကို မီဒီယာရဲ့ အင်တာဗျူးမှာ ချပြခဲ့ပြီးနောက် ချစ်စရာအရမ်းကောင်းတဲ့ အငယ်ဆုံးလေး မြေးမလေး ဝင်းဝါပန်းမြတ်သူ လေးကို အားပေးဝန်းရံပြီး ချစ်သူခင်သူများပြားပြီး ဝန်းရံကြတဲ့သူတွေထဲမှာ အမျိုးသားတွေ များပြားလို့ နေပါတယ် ။

သူမက အသက် ၁၅နှစ်တာရှိပြီး ကျောင်းကိစ္စတွေ ပြီးစီးတဲ့အခါ မှာတော့ အနုပညာအလုပ်တွေကို လုပ်ဆောင်သွားမှာလို့သိရပြီး လက်ရှိမှာတော့ သူမက စန္ဒယားတီးတာကို ဝါသနာပါသလို ကျွမ်းကျင်စွာ တီးတက်သူလေးပေါ့။

ဝင်းဝါလေးကို အားပေးဝန်းရံကြတဲ့ ပရိသတ်တွေအတွက် သူမရဲ့ချစ်စရာကောင်းတဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ချစ်တဲ့သူတွေ ကတစ်ခုခုပြောခဲ့ပါဦးနော်။

Snow(mcc)

(Visited 21673 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ