မွေးနေ့ အမှတ်တရ မိဘတွေကို သိန်း၃၀၀ နဲ့ ကန်တော့ခဲ့တဲ့ ပိုင်တံခွန်

ကောင်မလေးတွေရဲ့ အသည်းကျော်ဖြစ်နေတဲ့ မော်ဒယ်သရုပ်ဆောင်ပိုင်တံခွန်ဟာ ယနေ့မှာတော့အသက် ၂၃နှစ်ပြည့်ခဲ့ပါပြီ။ သူဟာ ယနေ့မွေးနေ့အမှတ်တရအနေဖြင့် မိဘတွေကို သူရတဲ့ အနုပညာကြေး သိန်း ၃၀၀ နဲ့ ကန်တော့ခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံမှာလဲ အထိုက်အလျောက်အောင်မြင်မှုရှိခဲ့သလို ထိုင်းနိုင်ငံမှာတော့ မိန်းကလေးတိုင်းရဲ့ အသည်းကို ဖမ်းဆုတ်ထားနိုင်သူလို့ ဆိုနိုင်ပါတယ်။

အဲ့လို မိဘတွေကို ကန်တော့တယ်ဆိုတဲ့ အကြောင်းကို သူငယ်ချင်းဖြစ်သူက ” Happy birthday Paing Takhon ရေ အမြဲမိဘအတွက် ကြည့်တဲ့သား မင်းဘယ်တော့ မှ ဒုက္ခမရောက်ဘူး 😇 သိန်း၃၀၀ ကန်တော့တယ်ကြည်နူးစရာကောင်းလိုက်တာ … အားလည်းကျပါတယ် ဒီလိုမိဘကို ပေးနိုင်အောင် ပိုကြိုးစားမယ် ❣️” လို့ ဆိုကာ ပိုင်တံခွန်ကြီးကို အားကျကြောင်း ဗီဒီယိုလေးနဲ့ အတူ ကျော်ရဲမြင့်ငြိမ်း က ရေးသားခဲ့ပါတယ်။

ပိုင်တံခွန် ဟာ ထိုင်းနိုင်ငံမှာ အရမ်းကို အောင်မြင်နေတဲ့ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်နေပါတယ်။ ထိုင်းနိုင်ငံမှာ Fan Meeting တွေလဲ ပြုလုပ်ကာ ယခုနောက်ပိုင်းမှာတော့ကြော်ငြာတွေလဲ ရိုက်ကူးနေပါတယ်။

ယနေ့မှာကျရောက်တဲ့ ပိုင်တံခွန်ရဲ့ မွေးနေ့အတွက်လဲ ဆုတောင်းစကားဆိုရင်း မိဘတွေ ကို ကန်တော့ခဲ့တဲ့ ပိုင်တံခွန်အတွက် သာဓုခေါ်ပေးကြပါအုံးနော် ။

Source – Kyaw Ye Myint Nyein’sfb

(Visited 3527 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ