Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မွေးနေ့အလှူအဖြစ် တန်းဆွမ်းကြွတဲ့ ဘုန်းဘုန်းတွေကို ဆွမ်းကပ်လှူခဲ့တဲ့ အိန္ဒြာကျော်ဇင်

နိုင်ငံကျော် သရုပ်ဆောင် အိန္ဒြာကျော်ဇင် ဟာ ယနေ့မှာကျရောက်တဲ့ သူ့ရဲ့ ၄၂နှစ်ပြည့် မွေးနေ့မှာတော့ ရိုးရှင်းတဲ့ အလှူအတန်းလေးတွေ ပြုလုပ်ခဲ့ပါတယ်။ သူမဟာ ချစ်တဲ့ပရိသတ်တွေဝန်းရံသူတွေများပြားခဲ့ပြီး လက်ရှိမှာလဲ အကယ်ဒမီ ရွှေစင်ရုပ်ထု နှစ်ဆုကို ရရှိပိုင်ဆိုင်ထားသူလဲ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် မှာ မျက်နှာများတဲ့ကောင်းကင် ရုပ်ရှင်ဇာတ်ကား နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု၊ ၂၀၁၇ ခုနှစ် မှာလဲ ရင်ဘတ်ထဲက ဓား ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု တို့ကိုရရှိပိုင်ဆိုင်ထားတဲ့သူလဲဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင် ဟာ ယနေ့မှာကျရောက်တဲ့ သူမရဲ့ မွေးနေ့အတွက် အမှတ်တရလဲဖြစ် အလှူလေးလဲဖြစ်အောင် ယနေ့မနက်မှာ တော့ အလှူလေးပြုခဲ့ပါတယ်။ သူမအလှူပြုဖြစ်တဲ့ အကြောင်းကိုလဲ “ ဒီနေ့ မနက်က အိမ်ရှေ့မှာ တန်းဆွမ်းကြွတဲ့ ဘုန်းဘုန်းတွေကို ဆွမ်းကပ်လှူခဲ့ပါတယ်… မွေးနေ့ အမှတ်တရအဖြစ် ပုံလေးတွေကို ချစ်တဲ့ပရိသတ်အတွက်တင်ပေးလိုက်ပါတယ်နော်..” ဆိုတဲ့ caption လေးနဲ့ ပုံလေးတွေတင်ပေးခဲ့ပါတယ်။

ပရိသတ်ကြီးကလဲ ဒီပုံလေးတွေကြည့်ပြီး စိတ်ကျေနပ်ကြမယ်လို့ ထင်မိပါတယ်။ သူမအတွက် မွေးနေ့ဆုမွန် ကောင်းလေးလဲ တောင်းပေးလိုက်ကြပါဦးနော်။ MCC အဖွဲ့သားတွေကလဲ မအူဝဲရဲ့မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချစ်တဲ့ မိသားစုနဲ့ အတူပျော်ရွှင်သာယာနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။

Source – eaindrakyawzin’s fb
Snowpiki(MCC)

(Visited 343 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ