Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မွေးနေ့မှာ နောက်ဆုံးပေါ် ကားသစ်ကြီး လက်ဆောင်ရလိုက်တဲ့ နေခြည်ဦး

နေခြည်ဦးဟာသူမရဲ့ အသက်(၂၈)နှစ်ပြည့်မွေးနေ့မှာ မွန်မြတ်တဲ့ အလှူတွေဖြစ်တဲ့ ဘုရားတည် ကျောင်းဆောက် အစရှိတဲ့ အလုပ်တွေကို လုပ်ဆောင်ခဲ့ပြီး မွေးနေ့ကို ကြည်နူးစရာတွေနဲ့ဖြတ်သန်းခဲ့ပါတယ်။ ချီချီဟာ မွေးနေ့အလှူတွေလုပ်ပြီး ရန်ကုန်ပြန်ရောက်ချိန်မှာတော့ သူမ မျှော်လင့်မထားတဲ့ တန်ဖိုးကြီးလက်ဆောင်တစ်ခု ရရှိခဲ့ပါတယ်။

အဲ့ဒါကတော့ Range Rover ကားသစ်ကြီးတစ်စီးကို သူမရဲ့ ချစ်ခင်ရတဲ့ အမတစ်ယောက် က မွေးနေ့လက်ဆောင်ပေးခဲ့တာဘဲဖြစ်ပါတယ်။ နေခြည်ဦးကတော့ သူရခဲ့တဲ့ မွေးနေ့လက်ဆောင်ကို သူမရဲ့ my day မှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် သူမရဲ့မွေးနေ့အဖြစ် သူမရဲ့ချီလီတွေက Surprise Birthday Wish Billboard တွေကို ရန်ကုန်တစ်မြို့လုံးမှာ ဖန်တီးပေးထားကြလို့ ချီချီတစ်ယောက် ဝမ်းသာမဆုံးဖြစ်နေပါတယ်။ ​နေခြည်ဦးဟာ Beauty Blogger အဖြစ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို စတင်ရရှိခဲ့ပြီး နောက်ပိုင်းမှာတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ အနုပညာလောကထဲကို အခြေချလာခဲ့ပြီဘဲ ဖြစ်ပါတယ်။

​ချီချီဟာ လက်ရှိမှာတော့ ရုပ်ရှင်ကားပေါင်းများစွာနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာပါ သရုပ်ဆောင်လာရပြီး မကြာသေးခင်ကမှလဲ မိုရီဆာကီဝင်းနဲ့အတူ ရုပ်သံဇာတ်လမ်းတွဲတစ်ခုကို ရိုက်ကူးပုံဖော်ထားပြီး ဖြစ်ရာ မကြာခင်မှာတော့ ပြသတော့မှာဖြစ်တယ်လို့လဲ သိရပါတယ်။

Snow(Mcc)

(Visited 3632 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ