Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မွေးနေ့ကို လာဖို့ အိမ်ကခိုးထွက်လာတဲ့ We Love လေးတွေအကြောင်း ပြောပြလာတဲ့ ခိုင်သင်းကြည်

ပရိသတ်တွေကြားမှာ တစ်ချိန်က မပွတ်ကျွတ် ဆိုနဲ့ ချစ်စရာ နာမည်ပြောင်လေးနဲ့ လူသိများကျော်ကြားခဲ့တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ မွေးနေ့မှာ သူမရဲ့ချစ်စရာကောင်းတဲ့ fanတွေနဲ့ ဖြတ်သန်းခဲ့ပေမယ့် အဲ့ဒီ fan လေးတွေထဲမှာ အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ လာခဲ့တဲ့သူတွေရှိခဲ့သလို အခက်အခဲတွေနဲ့လာတဲ့သူတွေလဲ ရှိတယ်လို့ သူမက ပြောပြခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” ချစ်ရတဲ့ We Love အဖွဲ့တွေနဲ့❤️ မအားတဲ့ကြားကအလုပ်တွေခွင့်ယူပြီးတော့ရော😓ခိုးထွက်လာတဲ့သူတွေရော🙄အိမ်ကိုလိမ်ပြောပြီးရောက်လာကြတဲ့သူတွေရော😬အားလုံးကိုချစ်တယ်နော်❤️မွေးနေ့လက်ဆောင်ပန်းချီကားနဲ့ပြက္ခဒိန်လေးတွေဓါတ်ပုံတွေအရုပ်တွေအားလုံးကြိုက်တယ်နော်😘we love လေးတွေလဲအမြဲပျော်ရွှင်ပါစေလို့😍😍😍 Hnin Nwe Soe ရှက်ပြီးထွက်ပြေးနေလိ့၂ယောက်တွဲပုံမရလိုက်ဘူး😬” လို့ဆိုပြီးလဲ ပုံလေးတွေနဲ့ အတူ ပြောပြခဲ့ပါတယ်။

ခိုင်သင်းကြည်ဟာ သူမရဲ့မွေးနေ့မှာ အလှူအတန်းတွေများစွာပြုလုပ်ခဲ့ပြီး bella ရဲ့ အစီအစဉ်နဲ့ ညပိုင်းမှာ ဆီမီးပူဇော်ခဲ့ပါတယ်။ သူမ ရဲ့ ၄၈နှစ်ပြည့်မွေးနေ့ကစပြီး နောင်နှစ်ပေါင်းများစွာတိုင် ယခုထက်မကအောင်မြင်မှုတွေရရှိပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။

Source – khine thin kyi’sfb

(Visited 650 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ