Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မွေးကတည်းက ချောတာပါဆိုတဲ့ မင်းသမီးချောလေး သံသာမိုးသိမ့်

ပရိသတ်တွေချစ်တဲ့ မင်းသမီးချောလေး သံသာမိုးသိမ့်ဟာ Mrtv4 ရဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို ပါဝင်သရုပ်ဆောင်ရင်း သူ့ရဲ့ ဇာတ်ကောင်အပေါ် ပီပြင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိလာခဲ့သူပါ။ သူဟာ သွပ်လက်ပြီးချစ်စရာကောင်းတဲ့ ဇာတ်ရုပ်တွေကို ပိုင်နိုင်သလို မာကြောခက်ထန်တဲ့ ဗီလိန်ဇာတ်ရုပ်နဲ့လဲ ပီပြင်စွာသရုပ်ဆောင်သူဖြစ်ပါတယ်။

သူဟာ မနေ့ဖြစ်သည် ၂ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ မှာ ပန်သု အဖြစ်သရုပ်ဆောင်ခဲ့ပြီး ၊ မဟေသီ ရုပ်သံဇာတ်လမ်းတွဲမှာ တော့အများကမုန်းတဲ့ ဗီလိန်ဇာတ်ကောင် မိန်းမချောအဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်ကမှ ဇာတ်သိမ်းသွားခဲ့တဲ့ အချစ်ဖွဲ့လေညင်း ရုပ်သံဇာတ်လမ်းတွဲမှာတော့ မေပျိုဖြူအဖြစ် ချစ်စရာကောင်းစွာ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ပျိုဖြူရယ်လို့ ချစ်ခင်အားပေးမှုပိုမိုများပြားလာခဲ့ပါတယ်။

သံသာမိုးသိမ့်ဟာ သူ့ရဲ့ ချောမောလှပတဲ့ ပုံစံလေးဟာ ကြီးလာမှ မြင်တွေ့ရတာမဟုတ်ဘဲ ငယ်ရွယ်စဥ်အချိန်ထဲက ချောမောလှပတဲ့ သူတစ်ယောက်ဖြစ်တယ်လို့ဆိုတာကို သက်သေပြလိုက်ပါတယ်။ သူက ” အဖေနဲ့အမေရဲ့… ရှယ် product 🥰😋ကျွန်မဆီက product ဆိုရင်တော့ ဘယ်လောက်တောင်ချစ်စရာကောင်းနေမလဲ🤪မွေးကတည်းကချောမွေးကတည်းကလှကျွန်မ” လို့ဆိုကာ သူ့ရဲ့ ငယ်ငယ်ကပုံလေးတွေနဲ့အတူရေးသားခဲ့ပါတယ်။

သံသာမိုးသိမ့်ရဲ့ ချစ်ပရိသတ်ကြီးအတွက် သူရဲ့ ငယ်ဘဝက ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးရဲ့ အချစ်တော်လေးက ပန်သု လား ? မိန်းမချော လား? မေပျိုဖြူ လား? တစ်ခုခုတော့ ရွေးပေးခဲ့နော်။

Snow(mcc)

(Visited 1672 times, 2 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ