Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မွန်ပြည်နယ် အတွက် အန္တရာယ်ကင်း ပဌာန်းရွတ်ဖတ်ပူဇော်ခဲ့ကြတဲ့ အနုပညာရှင်များ

အသက်ဆုံးရှုံးမှုတွေ ၊ အိုးအိမ်ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင် ကြုံတွေ့နေရတဲ့ မွန်ပြည်နယ်ကြီးအတွက် တက်အားတဲ့ဘက်ကနေ ကူညီနေကြတာတွေလဲ ရှိသလို ဘာသာရေးအမြင်နဲ့ အန္တရာယ်ကင်းစေကြောင်း ရည်ရွယ်ကာ အနုပညာရှင် တစ်ချို့က ပဌာန်းဝတ်ပြု ဆုတောင်းပေးခဲ့ကြပါတယ်။ အဆိုပါ ဆုတောင်းပွဲကို လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ဗုဒ္ဓဟူး ဝတ်အသင်းတို့နဲ့ ပူးပေါင်းကာ ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါဆုတောင်းပွဲ ကို အကယ်ဒမီ နေတိုး ၊ အကယ်ဒမီ မင်းမော်ကွန်း ၊ အကယ်ဒမီ ကျော်ကျော်ဗိုလ် ၊ အကယ်ဒမီ ရဲအောင် ၊ လွှမ်းပိုင် ၊ ကေညီ ၊ အကယ်ဒမီ အေးမြတ်သူ ၊ စံရတီမိုးမြင့် ၊ နန်းခင်ဇေယျာ ၊ Bobby Soxer နဲ့ ရတနာဗိုလ် တို့တက်ရောက်ပူဇော် ဆုတောင်းပေးခဲ့ကြပါတယ်။

ဆုတောင်းပွဲကြီး ပြီးတဲ့နောက်မှာတော့ ဦးနိုင်ဖြိုးကျော် ၊ ဦးဝေမင်းမောင် ၊ အကယ်ဒမီ နေတိုး ၊ Ve Ve မိသားစု ၊ Myanmar Media 7 တို့မှ မွန်ပြည်နယ် ရေးမြို့သို့ ဆန်၊ဆီ၊ဆား၊ အဝတ်အထည် ၊ ရေသန့်ဗူးများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းမည့် ဦးထွန်းနေစိုး အဖွဲ့သို့ အလှူငွေကျပ် သိန်းတစ်ရာ လှူဒါန်းခဲ့ကြောင်း ဦးဝေမင်းမောင် ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှ သိရှိရပါတယ်။

အခြားသောအနုပညာရှင်များကလည်း သူတို့တက်နိုင်တဲ့ဘက်ကနေ အလှူဒါနတွေကို တစ်ဦးခြင်းသော် လည်းကောင်း အဖွဲ့လိုက်သော်လည်းကောင်း မွန်ပြည်နယ်အတွက် လှူဒါန်းမှုတွေ ပြုလုပ်နေကြတာဘဲဖြစ်ပါတယ်။ မွန်ပြည်နယ်ကြီးလဲ အမြန်ဆုံး ထူထောင်ရေးတွေလုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းရင်း အလှူဒါနတွေ ပြုကြဖို့လဲ တိုက်တွန်းအပ်ပါတယ်နော်။

Source -wai minn maung ‘sfb ၊ Ria Bo Vich

(Visited 2077 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ